လား႐ိႈးၿမိဳ႔ေပၚရွိ လူေနရပ္ကြက္မ်ား အတြင္းသို့ TNLA အၾကမ္းဖက္ ေသာင္းက်န္း သူမ်ားက ေရွာ႕ခ္တိုက္ဒုံးမ်ားျဖင့္ ေႏွာင့္ယွက္ပစ္ခတ္ခဲ့သျဖင့္ ေဒသခံျပည္သူ တစ္ဦး ဒဏ္ရာရရွိ 

လား႐ိႈးၿမိဳ႔ေပၚရွိ လူေနရပ္ကြက္မ်ား အတြင္းသို့ TNLA အၾကမ္းဖက္ ေသာင္းက်န္း သူမ်ားက ေရွာ႕ခ္တိုက္ဒုံးမ်ားျဖင့္ ေႏွာင့္ယွက္ပစ္ခတ္ခဲ့သျဖင့္ ေဒသခံျပည္သူ တစ္ဦး ဒဏ္ရာရရွိ 

ေနျပည္ေတာ္ ႏိုဝင္ဘာ ၁၆ 

 

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လား႐ိႈးၿမိဳ႕၊ ရပ္ကြက္(၉)အတြင္းရွိ လူေနအိမ္မ်ားအတြင္းသုိ႔ ယေန႔နံနက္ ၁ဝ နာရီ ၂၅ မိနစ္ခန္႔တြင္ TNLA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက ေရွာ့ခ္တိုက္ ဒုံးမ်ားျဖင့္ လာေရာက္ေႏွာင့္ယွက္ ပစ္ခတ္ခဲ့သည္။ ျဖစ္စဥ္မွာ လား႐ိႈးၿမိဳ႕၊ ရပ္ကြက္(၉)အတြင္းရွိ လူေနအိမ္မ်ားအတြင္းသုိ႔ TNLA အၾကမ္း ဖက္ေသာင္းက်န္းသူမ်ားက လား႐ိႈးၿမိဳ႕၏ အေနာက္ေျမာက္ဘက္ မီတာ ၂ဝဝဝ ခန္႔ အကြာအေဝးရွိ ပညာေရးေကာလိပ္အနီး ျဗဳန္းေတာင္ေနရာမွ (၁ဝ၇) မမေရွာ့ခ္တိုက္ ဒုံးမ်ားျဖင့္ လာေရာက္ေႏွာင့္ယွက္ ပစ္ခတ္ခဲ့ေၾကာင္း၊ ထုိသုိ႔ပစ္ခတ္ျခင္းေၾကာင့္ ရပ္ ကြက္(၉) အတြင္းရွိ နယ္ေျမ(၁)၊ ေခးနင္း လမ္းသြယ္(၅)ရွိ ေနအိမ္ႏွင့္ ေခးနင္းလမ္း သြယ္(၈)၊ ႐ိုးမရတနာ အစာစက္႐ံုအနီး၌ လည္းေကာင္း၊ နယ္ေျမ(၃)၊ ေအာင္သေျပ လမ္းသြယ္(၁)ရွိ ေဂၚရခါးစိုက္ခင္း အတြင္းႏွင့္ ေခးနင္းလမ္းသြယ္(၄)ရွိ ေနအိမ္၌ လည္းေကာင္း၊ ေလယာဥ္ကြင္းအနီး၌ လည္းေကာင္း က်ေရာက္ ေပါက္ကြဲခဲ့ၿပီး ေနအိမ္ ၿခံစည္း႐ိုးမ်ားႏွင့္ ေမာ္ေတာ္ယာဥ္တစ္စီး ပ်က္စီးခဲ့ေၾကာင္းႏွင့္ အစာစက္႐ံုမွ ဝန္ထမ္း အမ်ဳိးသမီး တစ္ဦးထိခုိက္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

 

 ေသာင္းက်န္းသူမ်ား ပစ္ခတ္သည့္ေနရာသုိ႔ တပ္မေတာ္စစ္ေၾကာင္းမ်ား ကသြားေရာက္စစ္ေဆးခဲ့ရာ မပစ္ ခတ္ရေသးသည့္ (၁ဝ၇)မမ ေရွာ့ခ္တိုက္ဒုံးသီး ႏွစ္လုံးႏွင့္ ပစ္ခတ္ခဲ့သည့္ ဗုံးသီး အခြံ ေနာက္ပိတ္ ေျခာက္ခု၊ ဘက္ထရီ ၁၂ ဗို႔ အေသးတစ္လုံးႏွင့္ ဝါယာႀကိဳး ေပ ၅ဝ တို႔အား သိမ္းဆည္းရမိခဲ့သည္။ TNLA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား အေနျဖင့္ အမ်ားျပည္သူ အသုံးျပဳလ်က္ရွိ ေသာ လမ္းတံတားမ်ားအား ေဖာက္ခြဲဖ်က္ဆီးျခင္း၊ ခရီးသြားျပည္သူမ်ားအား အဓမၼ ဆက္ေၾကး ေကာက္ခံျခင္း၊ ေမာ္ေတာ္ယာဥ္မ်ားအား ပစ္ခတ္ဖ်က္ဆီး မီး႐ိႈ႕ျခင္းမ်ား ျပဳလုပ္လ်က္ရွိသည့္အျပင္ ၿမိဳ႕ေနျပည္သူမ်ား တည္ၿငိမ္ေအးခ်မ္းေရး ပ်က္ျပားေစရန္ ရည္ရြယ္၍ ယခုကဲ့သုိ႔ လာေရာက္ေႏွာင့္ယွက္ ပစ္ခတ္လ်က္ရွိေၾကာင္းႏွင့္ေဒသ တည္ ၿငိမ္ေအးခ်မ္းေရးအတြက္ တပ္မေတာ္စစ္ေၾကာင္းမ်ားက လိုအပ္သည့္ နယ္ေျမလံုၿခံဳေရး လုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များ အတွင်းသို့ TNLA အကြမ်းဖက် သောင်းကျန်း သူများက ရှော့ခ်တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူ တစ်ဦး ဒဏ်ရာရရှိ 

နေပြည်တော် နိုဝင်ဘာ ၁၆ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၉)အတွင်းရှိ လူနေအိမ်များအတွင်းသို့ ယနေ့နံနက် ၁ဝ နာရီ ၂၅ မိနစ်ခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူများက ရှော့ခ်တိုက် ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့သည်။ ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၉)အတွင်းရှိ လူနေအိမ်များအတွင်းသို့ TNLA အကြမ်း ဖက်သောင်းကျန်းသူများက လားရှိုးမြို့၏ အနောက်မြောက်ဘက် မီတာ ၂ဝဝဝ ခန့် အကွာအဝေးရှိ ပညာရေးကောလိပ်အနီး ဗြုန်းတောင်နေရာမှ (၁ဝ၇) မမရှော့ခ်တိုက် ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခြင်းကြောင့် ရပ် ကွက်(၉) အတွင်းရှိ နယ်မြေ(၁)၊ ခေးနင်း လမ်းသွယ်(၅)ရှိ နေအိမ်နှင့် ခေးနင်းလမ်း သွယ်(၈)၊ ရိုးမရတနာ အစာစက်ရုံအနီး၌ လည်းကောင်း၊ နယ်မြေ(၃)၊ အောင်သပြေ လမ်းသွယ်(၁)ရှိ ဂေါ်ရခါးစိုက်ခင်း အတွင်းနှင့် ခေးနင်းလမ်းသွယ်(၄)ရှိ နေအိမ်၌ လည်းကောင်း၊ လေယာဉ်ကွင်းအနီး၌ လည်းကောင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ခြံစည်းရိုးများနှင့် မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်းနှင့် အစာစက်ရုံမှ ဝန်ထမ်း အမျိုးသမီး တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ 

သောင်းကျန်းသူများ ပစ်ခတ်သည့်နေရာသို့ တပ်မတော်စစ်ကြောင်းများ ကသွားရောက်စစ်ဆေးခဲ့ရာ မပစ် ခတ်ရသေးသည့် (၁ဝ၇)မမ ရှော့ခ်တိုက်ဒုံးသီး နှစ်လုံးနှင့် ပစ်ခတ်ခဲ့သည့် ဗုံးသီး အခွံ နောက်ပိတ် ခြောက်ခု၊ ဘက်ထရီ ၁၂ ဗို့ အသေးတစ်လုံးနှင့် ဝါယာကြိုး ပေ ၅ဝ တို့အား သိမ်းဆည်းရမိခဲ့သည်။ TNLA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် အများပြည်သူ အသုံးပြုလျက်ရှိ သော လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသွားပြည်သူများအား အဓမ္မ ဆက်ကြေး ကောက်ခံခြင်း၊ မော်တော်ယာဉ်များအား ပစ်ခတ်ဖျက်ဆီး မီးရှို့ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် မြို့နေပြည်သူများ တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ လာရောက်နှောင့်ယှက် ပစ်ခတ်လျက်ရှိကြောင်းနှင့်ဒေသ တည် ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News