


 


 


 

(Unicode Version)

 

      ထန်တလန်မြို့နယ်၊ တလန်လိုကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် 

နေပြည်တော် နိုဝင်ဘာ ၁၇ 

ချင်းပြည်နယ်၊ထန်တလန်မြို့နယ်၊ တလန်လိုကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား နိုဝင်ဘာ ၁၆ ရက် နံနက် ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာ မူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၄၂ ဦးတို့ကို သွေးတိုးရောဂါ၊ အစာအိမ် ရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။  
 

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ဒေသခံပြည်သူများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဗန်ဇန်းတောင်ကြောရှိ ကျေးရွာခြောက်ရွာ အတွက် အားကစား ဝတ်စုံ ၁၆၂ စုံနှင့် အားကစား ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။         

Recent News