


 


 


 

(Unicode Version)

 

 ကော့သောင်းမြို့နယ်၊ ၁၄-မိုင်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် နိုဝင်ဘာ ၁၇ 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ၁၄-မိုင်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာ စာကြည့်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော်တစ်ပါးနှင့် ဒေသခံ ပြည်သူ ၁၁၀ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ကလေးရောဂါ၊အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အရိုး/အကြော ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။    

Recent News