ေရႊေညာင္ၿမိဳ႔၊ ေအာင္သေျပရပ္ကြက္၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေရႊေညာင္ၿမိဳ႔၊ ေအာင္သေျပရပ္ကြက္၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၁၇

 

 ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေရႊေညာင္ၿမိဳ႕၊ ေအာင္သေျပ ရပ္ကြက္ရွိ သံဃာေတာ္မ်ား၊ သာသနာ့အႏြယ္၀င္ သီလရွင္မ်ားႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆုိပါရပ္ကြက္ရွိ တပ္ဦးဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ေျခာက္ပါး၊ သီလရွင္ ေလးပါးႏွင့္ ေဒသခံတုိင္းရင္းသား ျပည္သူ ၂၂၂ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အ႐ိုး/အေၾကာ ေရာဂါ၊ ကေလးေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ ဖ်ားနာေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္ ကုသေပးျခင္း၊ ဒစ္ဂ်စ္တယ္ ဓာတ္မွန္႐ိုက္ကူးေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တိုင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး ေက်ာင္းထုိင္ဆရာေတာ္ ဘဒၵႏၱေကာ၀ိဒအား ဖူးေျမာ္ကာ သကၤန္းႏွင့္လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္း ခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် နိုဝင်ဘာ ၁၇ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေ ရပ်ကွက်ရှိ သံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ တပ်ဦးဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်ခြောက်ပါး၊ သီလရှင် လေးပါးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူ ၂၂၂ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အရိုး/အကြော ရောဂါ၊ ကလေးရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ဖျားနာရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် ကုသပေးခြင်း၊ ဒစ်ဂျစ်တယ် ဓာတ်မှန်ရိုက်ကူးပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဝိဒအား ဖူးမြော်ကာ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News