

 





Unicode Version

လပွတ္တာမြို့နယ်၊ ကန်ဘတ်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၂၀ 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကန်ဘတ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား နိုဝင်ဘာ ၁၉ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ မဟာအောင်မြေ စံကျောင်းတိုက်၌ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၁၀ ပါး၊ ဆရာ၊ ဆရာမ ရှစ်ဦး၊ ကျောင်းသား၊ ကျောင်းသူ ၃၇ ဦးနှင့် ဒေသခံပြည်သူ ၃၆၀ ဦးတို့ကို ECG  စက်ဖြင့်နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound ရိုက်ပေးခြင်းနှင့် ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊သားဖွား/မီးယပ်ရောဂါ၊ ကလေးရော ဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေး သည်။ ထို့ပြင် ဆေးရုံတက် ရောက်ကုသရန် လိုအပ်သူ ခြောက်ဦးကို ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံသို့   တက် ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးနှင့် အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှုအားပေးပြီး  ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုညဝန္တအား ဖူးမြော်၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်း ရရှိသည်။   

 

Recent News