အရာေတာ္ၿမိဳ႕နယ္၊ သစ္က်င္းႀကီးေက်းရြာ၌ က်န္းမာေရးေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

အရာေတာ္ၿမိဳ႕နယ္၊ သစ္က်င္းႀကီးေက်းရြာ၌ က်န္းမာေရးေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  ႏို၀င္ဘာ  ၂၀ 

စစ္ကိုင္းတိုင္းေဒသႀကီး၊    အရာေတာ္ၿမိဳ႕နယ္၊  သစ္က်င္းႀကီးေက်းရြာရွိ ေဒသခံျပည္သူမ်ား အား  ယေန႔နံနက္ပိုင္းတြင္ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္  နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါေက်းရြာရွိ   ဥတၱရာရာမေက်ာင္းတိုက္၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕ က ေဒသခံျပည္သူ ၈၀ ဦးတို႔ကို ဆီးခ်ဳိေရာဂါ၊ ေသြးတိုး ေရာဂါ၊ အေရျပားေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္း ဆုိင္ရာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍  လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး   ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္သူေလးဦးကို မံုရြာၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔  တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ 

ထို႔ျပင္ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေက်ာင္းတုိက္အတြင္း/အျပင္ရွိခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္း လင္းျခင္းႏွင့္ အမိႈက္မ်ားရွင္းလင္းျခင္းတို႔အား စုေပါင္းသန္႔ရွင္းေရး ေဆာင္ရြက္ေပးခ့ဲေၾကာင္း  သတင္းရရွိသည္။

(Unicode Version)

အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၂၀ 

စစ်ကိုင်းတိုင်းဒေသကြီး၊    အရာတော်မြို့နယ်၊  သစ်ကျင်းကြီးကျေးရွာရှိ ဒေသခံပြည်သူများ အား  ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်  နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ   ဥတ္တရာရာမကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့ က ဒေသခံပြည်သူ ၈၀ ဦးတို့ကို ဆီးချိုရောဂါ၊ သွေးတိုး ရောဂါ၊ အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး   ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူလေးဦးကို မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့  တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 

ထို့ပြင် နယ်မြေခံ တပ်မတော်သားများက ကျောင်းတိုက်အတွင်း/အပြင်ရှိချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်း လင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။

 

Recent News