ေက်းသီးၿမိဳ႕ႏွင့္ခိုလမ္ၿမိဳ႔တို႕၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေက်းသီးၿမိဳ႕ႏွင့္ခိုလမ္ၿမိဳ႔တို႕၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ေနျပည္ေတာ္  ႏို၀င္ဘာ  ၂၀

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေက်းသီးၿမိဳ႕၊ အေျခခံပညာအထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအား  ယေန႔နံနက္ပိုင္းတြင္  အေရွ႕ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ဆရာ၊ ဆရာမ ၃၅ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၀၂၁ ဦးတို႔ကို အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ အစာ အိမ္ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေရ ျပားေရာဂါ၊ တုပ္ေကြးေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္  က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထို႔ျပင္ ေက်းသီးတပ္နယ္မွ တပ္မေတာ္ သားမ်ားက အဆိုပါေက်ာင္းရွိ ဆရာ၊ ဆရာမ မ်ားႏွင့္ ပညာေရး၀န္ထမ္းမ်ားအား တပ္မ ေတာ္သားမိသားစုမ်ား၏ တစ္ပိုင္တစ္ႏုိင္ စိုက္ပ်ဳိးေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ရွိ သည့္ ၾကက္ဥ ၂၀၀၀ လုံး၊ ၾကက္သား ၅၀ ပိႆာ၊ ၀က္သား ၁၀၀ ပိႆာႏွင့္ ဟင္းသီး ဟင္းရြက္မ်ားကို   ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ် ေပးသည္။

အလားတူ ခိုလမ္ၿမိဳ႕၊ တုန္ဟုန္းေက်းရြာ အေျခခံပညာမူလတန္းေက်ာင္းမွ ေက်ာင္း သား၊ ေက်ာင္းသူ ၇၈ ဦးႏွင့္ ေဒသခံျပည္သူ ၆၀ ဦးတို႔ကိုလည္း   တုိင္းစစ္ဌာနခ်ဳပ္  နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်းရြာဘုန္း ေတာ္ႀကီး ေက်ာင္း၌ အေရျပား ေရာဂါ၊  တစ္ကိုယ္ေရသန္႔ရွင္းေရး စစ္ေဆးေပးျခင္း၊  သြားႏွင့္ ခံတြင္းေရာဂါ၊ အ႐ိုး/ အေၾကာ ေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ သြားႏွင့္ခံတြင္း ေရာဂါ၊  ရာသီတုပ္ေကြးေရာဂါ၊ အေထြေထြ ေရာဂါတို႔ ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး  ဗိုလ္ခ်ဳပ္သန္းလိႈင္ႏွင့္အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး  တုန္ဟုန္း ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း  ဆရာေတာ္အား ဖူးေျမာ္၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ကျေးသီးမြို့နှင့်ခိုလမ်မြို့တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား  ယနေ့နံနက်ပိုင်းတွင်  အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမ ၃၅ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၂၁ ဦးတို့ကို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အစာ အိမ်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရေ ပြားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်  ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ကျေးသီးတပ်နယ်မှ တပ်မတော် သားများက အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမ များနှင့် ပညာရေးဝန်ထမ်းများအား တပ်မ တော်သားမိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ သည့် ကြက်ဥ ၂၀၀၀ လုံး၊ ကြက်သား ၅၀ ပိဿာ၊ ဝက်သား ၁၀၀ ပိဿာနှင့် ဟင်းသီး ဟင်းရွက်များကို   ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးသည်။

အလားတူ ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်း သား၊ ကျောင်းသူ ၇၈ ဦးနှင့် ဒေသခံပြည်သူ ၆၀ ဦးတို့ကိုလည်း   တိုင်းစစ်ဌာနချုပ်  နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာဘုန်း တော်ကြီး ကျောင်း၌ အရေပြား ရောဂါ၊  တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်း၊  သွားနှင့် ခံတွင်းရောဂါ၊ အရိုး/ အကြော ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊  ရာသီတုပ်ကွေးရောဂါ၊ အထွေထွေ ရောဂါတို့ နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး  ဗိုလ်ချုပ်သန်းလှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး  တုန်ဟုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း  ဆရာတော်အား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

 

 

Recent News