ပဲခူးတုိင္းေဒသႀကီးႏွင့္ကရင္ျပည္နယ္ တုိ႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္
ေနျပည္ေတာ္ ႏို၀င္ဘာ ၂၀
ပဲခူးတုိင္းေဒသႀကီး၊ ျပည္ၿမိဳ႕၊ ရြာဘဲ ရပ္ကြက္၊ သာသနာ့ေ၀ပုလႅ ကာရီစာသင္ တုိက္မွ သာသနာ့အႏြယ္၀င္သီလရွင္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆုိပါစာသင္တုိက္ ၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။
ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က သာသနာ့အႏြယ္၀င္သီလရွင္ ၉၂ ပါး၊ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားႏွင့္ ေဒသခံျပည္သူ ၅၁ ဦးတုိ႔ကို မ်က္စိေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရးစစ္ေဆးကုသ ေပးျခင္းမ်ားေဆာင္ရြက္ေပးၿပီး ေဒသခံ ျပည္သူမ်ားအား ေသြးတုိးေရာဂါႏွင့္ ဆီးခ်ဳိ ေရာဂါအေၾကာင္း က်န္းမာေရး အသိ ပညာ ေပးေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ ေပးသည္။
အလားတူ က၀ၿမိဳ႕နယ္၊ ၾကာေတာေက်းရြာရွိ ေဒသခံျပည္သူ ၁၀၉ ဦးကို အဆုိပါ ေက်းရြာဓမ္ၼာ႐ံု၌လည္းေကာင္း၊ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕၊ အေျခခံပညာ အထက္တန္းေက်ာင္း(ဘုရင့္ေနာင္)မွ ဆရာ၊ ဆရာမ ၃၄ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ၄၀၇ ဦးတုိ႔ကို အဆုိပါေက်ာင္း၌လည္း ေကာင္း တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အေရျပားေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ ႏွလံုးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။
၎ေနာက္ ဘုရင့္ေနာင္တပ္နယ္မွ တပ္မေတာ္သားမ်ား က စာသင္ေဆာင္မ်ားႏွင့္ သင္ေထာက္ကူ ပစၥည္းမ်ားျပဳျပင္ရာ၌ အသံုးျပဳရန္အတြက္ အလွဴေငြမ်ားေပးအပ္လွဴဒါန္းၿပီး ဆရာ၊ ဆရာမမ်ားႏွင့္ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ သည္။
၎အျပင္ ျပည္တပ္နယ္မွ တပ္မေတာ္ သားမ်ားက ျပည္ၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ံု၊ အမွတ္(၃) အေျခခံပညာ အထက္တန္းေက်ာင္း၊ ဆည္ေျမာင္းဦးစီးဌာနႏွင့္ ရြာဘဲ ရပ္ကြက္ရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဆည္ေျမာင္း ႏွင့္ ေဆး႐ံု ၀န္ထမ္းမ်ား၊ ေဒသခံျပည္သူမ်ားအား တပ္မ ေတာ္သားမိသားစုမ်ား၏ တစ္ပိုင္တစ္ႏုိင္ စိုက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိ သည့္ အမဲသား ၁၀၀ ပိႆာ၊ ၾကက္သား ၁၀၀ ပိႆာ၊ အသီးအရြက္မ်ား၊ ၾကက္ဥ၊ ဘဲဥမ်ားႏွင့္ တပ္မေတာ္ စက္႐ံုမ်ားမွ ထုတ္လုပ္သည့္ အ၀တ္အထည္၊ အသံုးအေဆာင္ ပစၥည္းမ်ားအား ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ် ေပးခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
ပဲခူးတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ် တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲ ရပ်ကွက်၊ သာသနာ့ဝေပုလ္လ ကာရီစာသင် တိုက်မှ သာသနာ့အနွယ်ဝင်သီလရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါစာသင်တိုက် ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သာသနာ့အနွယ်ဝင်သီလရှင် ၉၂ ပါး၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဒေသခံပြည်သူ ၅၁ ဦးတို့ကို မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများဆောင်ရွက်ပေးပြီး ဒေသခံ ပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို ရောဂါအကြောင်း ကျန်းမာရေး အသိ ပညာ ပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးသည်။
အလားတူ ကဝမြို့နယ်၊ ကြာတောကျေးရွာရှိ ဒေသခံပြည်သူ ၁၀၉ ဦးကို အဆိုပါ ကျေးရွာဓမ်္မာရုံ၌လည်းကောင်း၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ဘုရင့်နောင်)မှ ဆရာ၊ ဆရာမ ၃၄ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ၄၀၇ ဦးတို့ကို အဆိုပါကျောင်း၌လည်း ကောင်း တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
၎င်းနောက် ဘုရင့်နောင်တပ်နယ်မှ တပ်မတော်သားများ က စာသင်ဆောင်များနှင့် သင်ထောက်ကူ ပစ္စည်းများပြုပြင်ရာ၌ အသုံးပြုရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းပြီး ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ် သည်။
၎င်းအပြင် ပြည်တပ်နယ်မှ တပ်မတော် သားများက ပြည်မြို့ရှိ ပြည်သူ့ဆေးရုံ၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ဆည်မြောင်းဦးစီးဌာနနှင့် ရွာဘဲ ရပ်ကွက်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆည်မြောင်း နှင့် ဆေးရုံ ဝန်ထမ်းများ၊ ဒေသခံပြည်သူများအား တပ်မ တော်သားမိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိ သည့် အမဲသား ၁၀၀ ပိဿာ၊ ကြက်သား ၁၀၀ ပိဿာ၊ အသီးအရွက်များ၊ ကြက်ဥ၊ ဘဲဥများနှင့် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းများအား ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။