




(Unicode Version)

မြစ်ကြီးနားမြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဝန်ထမ်းများနှင့်ဒေသခံပြည်သူများအား အသား၊ ငါးနှင့်ဟင်းသီး ဟင်းရွက်များ ရောင်းချ

နေပြည်တော် နိုဝင်ဘာ  ၂၀ 

တပ်မတော်သား မိသားစုဝင်များနှင့် ဒေသခံပြည်သူများ   စားသောက်ရေး အဆင်ပြေပြီး ငွေကြေး သက်သာမှုရှိစေရန် နှင့်   ဒေသတွင်း စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍  မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသော အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များနှင့် ကြက်ဥကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ သည်။ 

ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးရုံဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို မြစ်ကြီးနား တပ်နယ်မှ တပ်မတော်သားများက ဝက်သား၂၅ ပိဿာ၊ ကြက်သား ၁၀ ပိဿာ၊ ကြက်ဥ ၆၀၀ လုံး၊ နွားနို့ ၁၀ ပိဿာ၊ ဟင်းသီး ဟင်းရွက်များနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများအား ပြင်ပ ပေါက်ဈေးထက် သက်သာသောဈေးနှုန်း များဖြင့်ရောင်းချပေးခဲ့ကြောင်း  သတင်း ရရှိသည်။    

 

Recent News