တာေလၿမိဳ႕နယ္၊ ပါလိႈင္းေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

တာေလၿမိဳ႕နယ္၊ ပါလိႈင္းေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္ ႏို၀င္ဘာ   ၂၀

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာေလၿမိဳ႕နယ္၊ ပါလိႈင္းေက်းရြာရွိ ေဒသခံျပည္သူမ်ားအား ႏို၀င္ဘာ ၁၉ ရက္ နံနက္ပိုင္း တြင္ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်းရြာဘုန္းေတာ္ ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသု႔ိေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၂၂၇ ဦးကို ေသြးတိုး ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေရ ျပားေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အစာ အိမ္ႏွင့္အူလမ္းေၾကာင္းဆုိင္ရာေရာဂါ၊ အာသီးေရာင္ ေရာဂါ၊ သားဖြား/ မီးယပ္ ေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္း၊ ECG  စက္ျဖင့္ ႏွလံုးစမ္းသပ္ေပးျခင္း၊ Ultrasound  ႐ိုက္ေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တာလေမြို့နယ်၊ ပါလှိုင်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ   ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့နယ်၊ ပါလှိုင်းကျေးရွာရှိ ဒေသခံပြည်သူများအား နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်း တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာဘုန်းတော် ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသု့ိဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၂၂၇ ဦးကို သွေးတိုး ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရေ ပြားရောဂါ၊ အရိုး/အကြောရောဂါ၊ အစာ အိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အာသီးရောင် ရောဂါ၊ သားဖွား/ မီးယပ် ရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ECG  စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound  ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

Recent News