တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အၾကမ္းဖက္မႈတန္ျပန္ ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) ပိတ္ပြဲအခမ္းအနား သုိ႕ တက္ေရာက္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အၾကမ္းဖက္မႈတန္ျပန္ ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) ပိတ္ပြဲအခမ္းအနား သုိ႕ တက္ေရာက္

ေနျပည္ေတာ္ ႏုိ၀င္ဘာ  ၂၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဦးေဆာင္သည့္ ျမန္မာ့ တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႕နံနက္ပုိင္းတြင္ ေကြ႕လင္ၿမိဳ႕ရွိ Fenglin Training Field ၌ျပဳလုပ္သည့္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program)  ပိတ္ပြဲအခမ္းအနားသုိ႕ ႏုိင္ငံအသီးသီးမွ တပ္မေတာ္အႀကီးအကဲ မ်ား၊ ကာကြယ္ေရး၀န္ႀကီးဌာနမ်ားမွ တာ၀န္ရွိသူမ်ားႏွင့္အတူ တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ား၊ အခမ္းအနားသုိ႕ တက္ေရာက္လာၾကသည့္ ႏုိင္ငံအသီးသီးမွ ကုိယ္စားလွယ္အဖြဲ႕၀င္မ်ားသည္ Multi-fuctional Table Top Exercise(TTX)room သုိ႕ေရာက္ရွိရာ တ႐ုတ္ျပည္သူ႕ လြတ္ေျမာက္ေရးတပ္မေတာ္မွ တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကၿပီး လက္ေတြ႕ ေလ့က်င့္ခန္းျပဳလုပ္မႈ Video အား ၾကည့္႐ႈၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အဖြဲ႕၀င္မ်ား၊ အခမ္းအနားတက္ ေရာက္လာၾကသူမ်ားသည္ ပိတ္ပြဲအခမ္းအနားျပဳလုပ္မည့္ Fenglin Training Field သုိ႕ေရာက္ရွိၾကရာ ေလ့က်င့္ခန္းမ်ားတြင္ ပါ၀င္ခဲ့ၾကသည့္ ႏုိင္ငံအသီးသီးမွ ကုိယ္စားလွယ္ အဖြဲ႕မ်ားႏွင့္ ေလ့က်င့္ခန္းတြင္အသုံးျပဳခဲ့ေသာ တုိက္ယာဥ္မ်ားစုဖြဲ႕တန္းစီ၍ တ႐ုတ္ ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္မွ ဂုဏ္ျပဳစစ္တီး၀ုိင္းျဖင့္ တီးမႈတ္ႀကိဳဆုိခဲ့ၾကသည္။ ယင္းေနာက္ အခမ္းအနားကုိ ေတာင္ပုိင္းတုိင္းစစ္နယ္၀န္းကြပ္ကဲမႈဌာနခ်ဳပ္ ဒုတိယ တပ္မွဴးႏွင့္ စစ္ဦးစီးအရာရွိခ်ဳပ္ Lieutenant General Liu Yayong က ဦးေဆာင္ျပဳလုပ္ၿပီး တက္ေရာက္လာၾကသည့္ ႏုိင္ငံအသီးသီးမွ တပ္မေတာ္အႀကီးအကဲမ်ား၊ ကုိယ္စားလွယ္ မ်ားႏွင့္တစ္ဦးခ်င္းမိတ္ဆက္ေပးသည္။ ထုိ႕ေနာက္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း၊ ေလ့က်င့္ေရး အစီအစဥ္မ်ားတြင္ ထူးခြၽန္စြာေဆာင္ရြက္ ခဲ့သူမ်ားကုိ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္၊ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ ႏွင့္ပူးတြဲစစ္ဦးစီးဌာန၊ စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး Li Zuocheng၊ ပူးတြဲဥကၠဌႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Pornpipat Benyasri တုိ႕က အသိအမွတ္ျပဳ လက္မွတ္မ်ား ေပးအပ္ၾကသည္။

ယင္းေနာက္ ပူးတြဲဥကၠဌ၊ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗဟုိ စစ္ေကာ္မရွင္ အဖြဲ႕၀င္ႏွင့္ပူးတြဲစစ္ဦးစီးဌာန၊ စစ္ဦးစီးခ်ဳပ္တုိ႕က အၾကမ္းဖက္မႈတန္ျပန္ ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) ပိတ္ပြဲ မိန္႕ခြန္းမ်ား အသီးသီးေျပာၾကားၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ကူးခဲ့ၾကသည္။

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္  အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) တြင္ ျမန္မာ့တပ္မေတာ္ကုိယ္စားျပဳ ပါ၀င္ေလ့က်င့္ေဆာင္ရြက္ခဲ့ၾကသည့္ ကုိယ္စား လွယ္အဖြဲဲ႕၀င္မ်ားအား တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ အားေပးစကားေျပာၾကားကာ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္ခဲ့ၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) ပိတ်ပွဲအခမ်းအနား သို့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ  ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကွေ့လင်မြို့ရှိ Fenglin Training Field ၌ပြုလုပ်သည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program)  ပိတ်ပွဲအခမ်းအနားသို့ နိုင်ငံအသီးသီးမှ တပ်မတော်အကြီးအကဲ များ၊ ကာကွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Multi-fuctional Table Top Exercise(TTX)room သို့ရောက်ရှိရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လက်တွေ့ လေ့ကျင့်ခန်းပြုလုပ်မှု Video အား ကြည့်ရှုကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များ၊ အခမ်းအနားတက် ရောက်လာကြသူများသည် ပိတ်ပွဲအခမ်းအနားပြုလုပ်မည့် Fenglin Training Field သို့ရောက်ရှိကြရာ လေ့ကျင့်ခန်းများတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် အဖွဲ့များနှင့် လေ့ကျင့်ခန်းတွင်အသုံးပြုခဲ့သော တိုက်ယာဉ်များစုဖွဲ့တန်းစီ၍ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဂုဏ်ပြုစစ်တီးဝိုင်းဖြင့် တီးမှုတ်ကြိုဆိုခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကို တောင်ပိုင်းတိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဒုတိယ တပ်မှူးနှင့် စစ်ဦးစီးအရာရှိချုပ် Lieutenant General Liu Yayong က ဦးဆောင်ပြုလုပ်ပြီး တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ တပ်မတော်အကြီးအကဲများ၊ ကိုယ်စားလှယ် များနှင့်တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ထို့နောက် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း၊ လေ့ကျင့်ရေး အစီအစဉ်များတွင် ထူးချွန်စွာဆောင်ရွက် ခဲ့သူများကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် နှင့်ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng၊ ပူးတွဲဥက္ကဌနှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Pornpipat Benyasri တို့က အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ကြသည်။

ယင်းနောက် ပူးတွဲဥက္ကဌ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗဟို စစ်ကော်မရှင် အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်တို့က အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) ပိတ်ပွဲ မိန့်ခွန်းများ အသီးသီးပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) တွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည့် ကိုယ်စား လှယ်အဖွဲ့ဝင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

 

Recent News