ဇီဝိတဒါန သံဃာ့ ဆေးရုံကြီး(မန္တလေး)၌ ဒသမ အကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် သြဝါဒါ စရိယ နာယကဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲပြုလုပ် 

နေပြည်တော် စက်တင်ဘာ ၂၉ 

 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး (မန္တလေး)၌ ဒသမ အကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် သြဝါဒါစရိယနာယက ဆရာတော် ကြီးများထံမှ သြဝါဒခံယူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာ၌ပြုလုပ်ရာ နိုင်ငံတော် သြဝါဒါစရိယ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မြတောင်တိုက်၊ သမ္မတစာချ ကျောင်းဆရာတော် ဘဒ္ဒန္တအင်္ကုရ အမှူးပြု သော သံဃာ တော်များကြွ ရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာ လင်းနှင့် အဖွဲ့ဝင်များ၊ ဇီဝိတဒါနသံဃာ့ ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။ ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက မန္တလေးတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ် ကျောင်း တိုက်၊ ပါဠိနယူပဒေသကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများမှရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူ ကြသည်။ 

 

ထို့နောက် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၏စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးမြဝင်းက ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး၏ သမိုင်း၊ ဝန်ထမ်းအင်အား၊ ဆွမ်းကွမ်းကိစ္စ၊ ဆေးကုသပေးနိုင်မှု၊ ဘဏ္ဍာရေးအခြေအနေ အစရှိသည့် လုပ်ငန်းများဆောင်ရွက်နေမှုများကို သြဝါဒါစရိယနာယက ဆရာတော်ကြီးများထံ လျှောက်ထားကြပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၏နာယက ဆရာတော်များဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ ပတ္တမြားကျောင်း တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဇောတာ ဘိဝံသနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တပဏ္ဍိတဝရာဘိဝံသတို့က ဇီဝိတဒါန ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ သြဝါဒကထာမြွက်ကြား ချီးမြှင့်တော်မူကြရာ တိုင်းမှူးနှင့်တက်ရောက်လာကြသူ များက နာယူတော်မူကြသည်။ 

 

 

၎င်းနောက် နိုင်ငံတော်သြဝါဒါစရိယ မြတောင်တိုက်၊ သမ္မတစာချကျောင်းဆရာတော်မှ လှူဒါန်းမှုအစုစုတို့ အတွက် သာဓုအနု မောဒနာတရားဟောကြားတော်မူရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများကနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။ ဆက်လက်ပြီး တိုင်းမှူးနှင့်အဖွဲ့ဝင်များက သြဝါဒါ စရိယနာယကဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ဆေးရုံကြီးမှတာဝန်ရှိသူများက ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် သံဃာတော်အပါး ၄ဝ နှင့် သာသနာ့အနွယ်ဝင်သီလရှင် နှစ်ပါးတို့အား ဝါဆို သင်္ကန်းများနှင့် သီလရှင်ဝတ်စုံများ သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။    

Recent News