ဂူတာျပင္ျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ စစ္တရား႐ုံး ( Court-Martial) ျဖင့္ စစ္ေဆးစီရင္ျခင္းစတင္ေတာ့မည္ 

ဂူတာျပင္ျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ စစ္တရား႐ုံး ( Court-Martial) ျဖင့္ စစ္ေဆးစီရင္ျခင္းစတင္ေတာ့မည္ 

တပ္မေတာ္အက္ဥပေဒ(The Defence Services Act ) ၊ တပ္မေတာ္နည္းဥပေဒမ်ား(The Defence Services Rules )ႏွင့္ အညီဖြဲ႕စည္းခဲ့သည့္ ဗိုလ္ခ်ဳပ္ျမတ္ေက်ာ္ ဥကၠ႒အျဖစ္ ဦးေဆာင္ေသာ စုံစမ္းစစ္ေဆးေရးခုံ႐ုံး ( Court of Inquiry )က ဂူတာျပင္ေက်း႐ြာျဖစ္စဥ္အခ်ိဳ႕တြင္ စစ္တရား႐ုံးျဖင့္ စစ္ေဆးစီရင္သင့္သည္ဟု တင္ျပခဲ့သည့္ ထင္ျမင္ယူဆခ်က္အရ စစ္ဘက္တရားစီရင္ေရး၏ လုပ္ငန္းစဥ္မ်ား ( Process of Military Justice)အတိုင္း ေဆာင္႐ြက္လ်က္ရွိရာ ျပစ္မႈက်ဴးလြန္သည္ဟု ကနဦးေတြ႕ရွိရသူမ်ားအေပၚ အက်ဥ္း စစ္တရား႐ုံးခ်ဳပ္ ( Summary General Court-Martial) ျဖင့္ ႐ုံးထိုင္စစ္ေဆးျခင္းအား ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၆ ရက္ေန႔တြင္ ဘူးသီးေတာင္ၿမိဳ႕၊ နယ္ေျမခံတပ္၌ စတင္စစ္ေဆးေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရွိရသည္။ 
တပ္မေတာ္အေနျဖင့္ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္( Independent Commission of Enquiry- ICOE) ႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိရာ ICOE ၏ အစီရင္ခံစာ ထြက္ရွိလာသည့္အခ်ိန္တြင္လည္း အစီရင္ခံစာ၌ တပ္မေတာ္သားမ်ားကျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္ပတ္သက္ မႈရွိပါက ဥပေဒႏွင့္အညီ ဆက္လက္ စုံစမ္းစစ္ေဆး၍အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စစ္ဥပေဒခ်ဳပ္႐ုံးမွ သတင္းရရွိပါသည္။ 

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ 

(Unicode Version)

ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်တရားရုံး ( Court-Martial) ဖြင့် စစ်ဆေးစီရင်ခြင်းစတင်တော့မည် 

တပ်မတော်အက်ဥပဒေ(The Defence Services Act ) ၊ တပ်မတော်နည်းဥပဒေများ(The Defence Services Rules )နှင့် အညီဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး ( Court of Inquiry )က ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တင်ပြခဲ့သည့် ထင်မြင်ယူဆချက်အရ စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များ ( Process of Military Justice)အတိုင်း ဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်း စစ်တရားရုံးချုပ် ( Summary General Court-Martial) ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ စတင်စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ 
တပ်မတော်အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်( Independent Commission of Enquiry- ICOE) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ICOE ၏ အစီရင်ခံစာ ထွက်ရှိလာသည့်အချိန်တွင်လည်း အစီရင်ခံစာ၌ တပ်မတော်သားများကပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက္မှုရှိပါက ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေး၍အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိပါသည်။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့  

Recent News