ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း (၂၉) ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ (29th AARM) ပိတ္ပြဲအခမ္းအနားႏွင့္ ႏႈတ္ဆက္ညစာစားပြဲ တက္ေရာက္ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း (၂၉) ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ (29th AARM) ပိတ္ပြဲအခမ္းအနားႏွင့္ ႏႈတ္ဆက္ညစာစားပြဲ တက္ေရာက္ 

ေနျပည္ေတာ္၊ ႏို၀င္ဘာ - ၂၇ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ေခတၱတည္းခိုရာ TRANS LUXURY ဟိုတယ္မွ ႏို၀င္ဘာ ၂၆ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၈ နာရီခ်ိန္မွ စတင္ထြက္ခြာခဲ့ၾကရာ (၂၉)ႀကိမ္ေျမာက္ အာဆီယံ ႏိုင္ငံတပ္မေတာ္ (ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ (29th AARM) ပိတ္ပြဲအခမ္းအနားက်င္းပရာ အင္ဒိုနီးရွား ႏိုင္ငံ၊ ဘန္ေဒါင္းၿမိဳ႕ရွိ Cipatat သို႔ နံနက္ ၉ နာရီခြဲတြင္ ေရာက္ရွိခဲ့ၾကသည္။ ထုိ႔ေနာက္ ႐ိုင္ဖယ္အသင္း ပြဲစဥ္(၅)၊ ထိလဲျပားပစ္ခတ္စဥ္ ဗိုလ္လုပြဲကို ယွဥ္ၿပိဳင္ၾကမည့္ ႏိုင္ငံစံုပါ၀င္ေသာ ALLIGATOR(B) အသင္းႏွင့္ BEAR(A) အသင္းတို႔၏ယွဥ္ၿပိဳင္မႈကို ၾကည့္႐ႈအားေပးခဲ့ၾကၿပီး ၿပိဳင္ပြဲ၀င္အာဆီယံတပ္မေတာ္(ၾကည္း) ေသနတ္ ပစ္အသင္းမ်ားက စစ္ေၾကာင္းပံုျပဳ ခ်ီတက္အေလးျပဳခဲ့ၾကသည္။ ထို႔ေနာက္ အသင္းလိုက္ရရွိေသာ ဆုမ်ားကို အာဆီယံ တပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္မ်ားက အျပန္အလွန္ခ်ီးျမႇင့္ခဲ့ၾကသည္။ ယင္းေနာက္ ၂၀၂၀ ျပည့္ႏွစ္ တြင္ (30th AARM)ႏွင့္ (21st ACAMM) တုိ႔အား အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ ဘ႐ူႏိုင္းဘုရင့္တပ္မ ေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ Brigadier General Awang Khairul Hamed bin Awang Haji Lampoh ထံသို႔ အင္ဒိုနီးရွားၾကည္းတပ္ဦးစီးခ်ဳပ္ General Andika Perkasa က အာဆီယံအလံကို လႊဲေျပာင္းေပးအပ္ခဲ့သည္။ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းသည္ (၂၉)ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ (29th AARM) ပိတ္ပြဲက်င္းပစဥ္ အတြင္း စစ္တီး၀ိုင္းသ႐ုပ္ျပသမႈ၊ ကြန္မန္ဒိုအထူးတပ္ဖြဲ႕၏ သ႐ုပ္ျပမႈ၊Free Fall ေလထီးတပ္ဖြဲ႕မွ အာဆီယံႏိုင္ငံ အလိုက္ ကိုယ္စားျပဳအလံမ်ားျဖင့္ ဆင္းသက္သ႐ုပ္ျပသမႈကို ၾကည့္႐ႈခဲ့ၿပီးေနာက္ ပစၥတို Falling Plate ခ်စ္ၾကည္ေရး ပစ္ခတ္စဥ္အား ပါ၀င္ပစ္ခတ္ခဲ့ပါသည္။ 

ထုိ႔ေနာက္ အာဆီယံတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္မ်ားႏွင့္အတူ အမွတ္တရ စုေပါင္း ဓာတ္ပံု႐ုိက္ကူးခဲ့ၾကၿပီး ျမန္မာ့တပ္မေတာ္ကိုယ္စားျပဳေသနတ္ပစ္အသင္းအား ေတြ႕ဆံုအားေပးစကားေျပာၾကားခဲ့သည္။ (29th AARM) ေသနတ္ပစ္ၿပိဳင္ပြဲတြင္ ျမန္မာ့တပ္မေတာ္ ေသနတ္ပစ္အသင္းအေနျဖင့္ အသင္းအလုိက္အမွတ္ေပး ၿပိဳင္ပြဲတြင္ ေရႊတံဆိပ္ ၄ ခု၊ ေငြတံဆိပ္ ၄ ခုႏွင့္ ေၾကးတံဆိပ္ ၅ ခု၊ အသင္းလိုက္ ထိလဲျပားပစ္ခတ္စဥ္ၿပိဳင္ပြဲတြင္ ေရႊတံဆိပ္ ၄ ခု၊ ေငြတံဆိပ္ ၄ ခုႏွင့္ ေၾကးတံဆိပ္ ၂ ခု စုစုေပါင္း ေရႊတံဆိပ္ ၈ ခု၊ ေငြ တံဆိပ္ ၈ ခုႏွင့္ ေၾကးတံဆိပ္ ၇ ခုရရွိခဲ့ၿပီး ႏိုင္ငံအလိုက္ အဆင့္ စတုတၳအဆင့္ ရရွိခဲ့သည္။ 

ညပိုင္းတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းသည္ အာဆီယံၾကည္းတပ္ဦးစီးခ်ဳပ္မ်ားႏွင့္အတူ Trans Luxury Hotel, Convention Hall တြင္ အင္ဒိုနီးရွားၾကည္းတပ္ဦးစီးခ်ဳပ္ General Andika Perkasa က တည္ခင္းဧည့္ခံသည့္ ညစာစားပြဲသို႔ တက္ ေရာက္၍ ညစာအတူတကြ သံုးေဆာင္ခဲ့သည္။ 
ညစာသံုးေဆာင္ေနစဥ္အတြင္း အင္ဒိုနီးရွားတပ္မေတာ္႐ိုးရာယဥ္ေက်းမႈအဖြဲ႕မွ ႐ိုးရာအကမ်ားျဖင့္လည္း ေကာင္း၊ ေတးသံရွင္မ်ားမွလည္း ေခတ္ေပၚေတးသီခ်င္းမ်ားျဖင့္ လည္းေကာင္း ေဖ်ာ္ေျဖတင္ဆက္ခဲ့ၾကသည္။ 
ညစာသံုးေဆာင္အၿပီးတြင္ အင္ဒိုနီးရွားၾကည္းတပ္ဦးစီးခ်ဳပ္က အာဆီယံတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္မ်ား အား အထိမ္းအမွတ္တံဆိပ္ႏွင့္ အမွတ္တရလက္ေဆာင္မ်ား ေပးအပ္ကာ စုေပါင္းဓာတ္ပံု႐ိုက္ကူးခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၉) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (29th AARM) ပိတ်ပွဲအခမ်းအနားနှင့် နှုတ်ဆက်ညစာစားပွဲ တက်ရောက် 

နေပြည်တော်၊ နိုဝင်ဘာ - ၂၇ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ခေတ္တတည်းခိုရာ TRANS LUXURY ဟိုတယ်မှ နိုဝင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီချိန်မှ စတင်ထွက်ခွာခဲ့ကြရာ (၂၉)ကြိမ်မြောက် အာဆီယံ နိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (29th AARM) ပိတ်ပွဲအခမ်းအနားကျင်းပရာ အင်ဒိုနီးရှား နိုင်ငံ၊ ဘန်ဒေါင်းမြို့ရှိ Cipatat သို့ နံနက် ၉ နာရီခွဲတွင် ရောက်ရှိခဲ့ကြသည်။ ထို့နောက် ရိုင်ဖယ်အသင်း ပွဲစဉ်(၅)၊ ထိလဲပြားပစ်ခတ်စဉ် ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကြမည့် နိုင်ငံစုံပါဝင်သော ALLIGATOR(B) အသင်းနှင့် BEAR(A) အသင်းတို့၏ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အာဆီယံတပ်မတော်(ကြည်း) သေနတ် ပစ်အသင်းများက စစ်ကြောင်းပုံပြု ချီတက်အလေးပြုခဲ့ကြသည်။ ထို့နောက် အသင်းလိုက်ရရှိသော ဆုများကို အာဆီယံ တပ်မတော်ကြည်းတပ်ဦးစီးချုပ်များက အပြန်အလှန်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ၂၀၂၀ ပြည့်နှစ် တွင် (30th AARM)နှင့် (21st ACAMM) တို့အား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘရူနိုင်းဘုရင့်တပ်မ တော်ကြည်းတပ်ဦးစီးချုပ် Brigadier General Awang Khairul Hamed bin Awang Haji Lampoh ထံသို့ အင်ဒိုနီးရှားကြည်းတပ်ဦးစီးချုပ် General Andika Perkasa က အာဆီယံအလံကို လွှဲပြောင်းပေးအပ်ခဲ့သည်။ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (29th AARM) ပိတ်ပွဲကျင်းပစဉ် အတွင်း စစ်တီးဝိုင်းသရုပ်ပြသမှု၊ ကွန်မန်ဒိုအထူးတပ်ဖွဲ့၏ သရုပ်ပြမှု၊Free Fall လေထီးတပ်ဖွဲ့မှ အာဆီယံနိုင်ငံ အလိုက် ကိုယ်စားပြုအလံများဖြင့် ဆင်းသက်သရုပ်ပြသမှုကို ကြည့်ရှုခဲ့ပြီးနောက် ပစ္စတို Falling Plate ချစ်ကြည်ရေး ပစ်ခတ်စဉ်အား ပါဝင်ပစ်ခတ်ခဲ့ပါသည်။ 

ထို့နောက် အာဆီယံတပ်မတော်ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး မြန်မာ့တပ်မတော်ကိုယ်စားပြုသေနတ်ပစ်အသင်းအား တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ (29th AARM) သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းအနေဖြင့် အသင်းအလိုက်အမှတ်ပေး ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၅ ခု၊ အသင်းလိုက် ထိလဲပြားပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၂ ခု စုစုပေါင်း ရွှေတံဆိပ် ၈ ခု၊ ငွေ တံဆိပ် ၈ ခုနှင့် ကြေးတံဆိပ် ၇ ခုရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် စတုတ္ထအဆင့် ရရှိခဲ့သည်။ 

ညပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့်အတူ Trans Luxury Hotel, Convention Hall တွင် အင်ဒိုနီးရှားကြည်းတပ်ဦးစီးချုပ် General Andika Perkasa က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက် ရောက်၍ ညစာအတူတကွ သုံးဆောင်ခဲ့သည်။ 
ညစာသုံးဆောင်နေစဉ်အတွင်း အင်ဒိုနီးရှားတပ်မတော်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများဖြင့်လည်း ကောင်း၊ တေးသံရှင်များမှလည်း ခေတ်ပေါ်တေးသီချင်းများဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ 
ညစာသုံးဆောင်အပြီးတွင် အင်ဒိုနီးရှားကြည်းတပ်ဦးစီးချုပ်က အာဆီယံတပ်မတော်ကြည်းတပ်ဦးစီးချုပ်များ အား အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကာ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။ 
 

Recent News