



(Unicode Version)

 ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည် ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ - ၂၇

   အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး (20th ASEAN Chiefs of Army Multilateral Meeting ACAMM XX) နှင့် (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ (29th ASEAN Armies Rifle Meeting-AARM XXIX  ) သို့ ပါဝင်တက်ရောက် ခဲ့သော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီတွင် ဘန်ဒေါင်းမြို့ Husein Sastranegara အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား Indonesia Army Chief of Staff ၏  Executive Staff ဖြစ်သူ  Major General Endang Sodik နှင့်ဇနီး၊ အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် ဖြိုးဇော်စိုး နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား စစ်သံမှူး Captain (Navy) Fajar Rusdianto နှင့်ဇနီးတို့ အပါအဝင် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News