ဆ႒မအႀကိမ္သက္ႀကီးသတင္းစာပညာရွင္ႀကီးမ်ား ပူေဇာ္ကန္ေတာ့ပြဲ က်င္းပ

ဆ႒မအႀကိမ္သက္ႀကီးသတင္းစာပညာရွင္ႀကီးမ်ား ပူေဇာ္ကန္ေတာ့ပြဲ က်င္းပ

ေနျပည္ေတာ္  ႏို၀င္ဘာ  ၂၇

ျမန္မာႏိုင္ငံ သတင္းစာဆရာအသင္း (MJA)၏   ဆ႒မအႀကိမ္  သက္ႀကီးသတင္းစာ ပညာရွင္ႀကီးမ်ား ပူေဇာ္ကန္ေတာ့ပြဲ အခမ္းအနားကို ႏို၀င္ဘာ  ၂၇  ရက္က ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပသည္။

ေရွးဦးစြာ ျမန္မာႏုိင္ငံ သတင္းစာဆရာအသင္း ဥကၠ႒ ဦးျမတ္ခိုင္က ဆ႒မအႀကိမ္ သက္ႀကီးသတင္းစာ ပညာရွင္ႀကီးမ်ား ပူေဇာ္ကန္ေတာ့ပြဲ က်င္းပရျခင္းအေၾကာင္း ရွင္းလင္းေျပာၾကားသည္။ ထို႔ေနာက္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ဒုတိယၿမိဳ႕ေတာ္၀န္ ဦးစိုးလြင္က အမွာစကား ေျပာၾကားၿပီး ျမန္မာႏိုင္ငံ သတင္းစာဆရာအသင္း အေထြေထြ အတြင္းေရးမွဴး ဦးသာေဇာ္က ကန္ေတာ့ခံ သက္ႀကီးသတင္းစာ ပညာရွင္ႀကီးမ်ားႏွင့္ မိတ္ဆက္ေပးသည္။

ယင္းေနာက္  ျမန္မာႏိုင္ငံ သတင္းစာ ဆရာအသင္း၊  ရန္ကုန္တိုင္းေဒသႀကီး ဥက္ၠ႒ ဦးခင္ျမင့္က ကန္ေတာ့ခ်ဳိးတိုင္ေပးၿပီး အခမ္းအနား တက္ေရာက္လာသူမ်ားက သက္ႀကီး သတင္းစာ ပညာရွင္ႀကီးမ်ားအား ပူေဇာ္ကန္ေတာ့ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက အလွဴေငြက်ပ္ငါးသိန္း၊ ေရႊလြန္းပ်ံ(ရွယ္) ပုဆိုး ၅၇ ထည္၊ Smart  Shirt အက်ႌ ၅၇ ထည္၊ ေရႊဖီဦးလက္ဖက္ရည္ ၅၇ ပါကင္၊ နန္းၿမိဳင္ေကာ္ဖီ ၅၇ ပါကင္ စုစုေပါင္း တန္ဖိုးေငြက်ပ္ ၁၇၀၂၇၀၀ အား တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကုိယ္စား ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္မွ ဗိုလ္မွဴးႀကီးေဇာ္ႏိုင္၀င္း ႏွင့္   အလွဴရွင္မ်ားက  အလွဴေငြမ်ားႏွင့္ ကန္ေတာ့ခံ ပစၥည္းမ်ား ေပးအပ္လွဴဒါန္းရာ ဒုတိယၿမိဳ႕ေတာ္၀န္ႏွင့္ တာ၀န္ရွိသူမ်ားက လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းမ်ား ျပန္လည္ေပးအပ္ကာ Ooredoo  Myanmar က လွဴဒါန္းေသာ Mobile ဖုန္း သုံးလုံးအား မဲေဖာက္ေပးသည္။

ထို႔ေနာက္ သက္ႀကီးသတင္းစာ ပညာရွင္တစ္ဦးျဖစ္သူ သတင္းမီဒီယာေကာင္စီ ဥကၠ႒ ဦးအုန္းႀကိဳင္(ဟံသာ၀တီ)ႏွင့္ ျမန္မာႏိုင္ငံ သတင္းစာဆရာအသင္း အတြင္းေရးမွဴး(၁) ေဒၚအိအိတင္တို႔က ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားသည္။ အဆိုပါအခမ္းအနားတြင္   အလွဴရွင္   ၁၀၀  ေက်ာ္က သက္ႀကီးသတင္းစာ ပညာရွင္ႀကီး ၅၇ ဦးအတြက္ တစ္ဦးလွ်င္   ကန္ေတာ့ေငြ တစ္သိန္းက်ပ္  စုစုေပါင္းေငြက်ပ္ ၅၇ သိန္းႏွင့္ ကန္ေတာ့ခံပစၥည္းမ်ား ပူေဇာ္ ကန္ေတာ့ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဆဋ္ဌမအကြိမ်သက်ကြီးသတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲ ကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၂၇

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA)၏   ဆဋ္ဌမအကြိမ်  သက်ကြီးသတင်းစာ ပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို နိုဝင်ဘာ  ၂၇  ရက်က ရန်ကုန်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးမြတ်ခိုင်က ဆဋ္ဌမအကြိမ် သက်ကြီးသတင်းစာ ပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အထွေထွေ အတွင်းရေးမှူး ဦးသာဇော်က ကန်တော့ခံ သက်ကြီးသတင်းစာ ပညာရှင်ကြီးများနှင့် မိတ်ဆက်ပေးသည်။

ယင်းနောက်  မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊  ရန်ကုန်တိုင်းဒေသကြီး ဥက်္ကဋ္ဌ ဦးခင်မြင့်က ကန်တော့ချိုးတိုင်ပေးပြီး အခမ်းအနား တက်ရောက်လာသူများက သက်ကြီး သတင်းစာ ပညာရှင်ကြီးများအား ပူဇော်ကန်တော့ကြသည်။ ထို့နောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက အလှူငွေကျပ်ငါးသိန်း၊ ရွှေလွန်းပျံ(ရှယ်) ပုဆိုး ၅၇ ထည်၊ Smart  Shirt အင်္ကျီ ၅၇ ထည်၊ ရွှေဖီဦးလက်ဖက်ရည် ၅၇ ပါကင်၊ နန်းမြိုင်ကော်ဖီ ၅၇ ပါကင် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၇၀၂၇၀၀ အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဇော်နိုင်ဝင်း နှင့်   အလှူရှင်များက  အလှူငွေများနှင့် ကန်တော့ခံ ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ကာ Ooredoo  Myanmar က လှူဒါန်းသော Mobile ဖုန်း သုံးလုံးအား မဲဖောက်ပေးသည်။

ထို့နောက် သက်ကြီးသတင်းစာ ပညာရှင်တစ်ဦးဖြစ်သူ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်(ဟံသာဝတီ)နှင့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အတွင်းရေးမှူး(၁) ဒေါ်အိအိတင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါအခမ်းအနားတွင်   အလှူရှင်   ၁၀၀  ကျော်က သက်ကြီးသတင်းစာ ပညာရှင်ကြီး ၅၇ ဦးအတွက် တစ်ဦးလျှင်   ကန်တော့ငွေ တစ်သိန်းကျပ်  စုစုပေါင်းငွေကျပ် ၅၇ သိန်းနှင့် ကန်တော့ခံပစ္စည်းများ ပူဇော် ကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။

Recent News