ရပ္ေစာက္ၿမိဳ႕နယ္၊ ဇလဲေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ရပ္ေစာက္ၿမိဳ႕နယ္၊ ဇလဲေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ႏို၀င္ဘာ  ၂၇

ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ဇလဲေက်းရြာႏွင့္ ပတ္၀န္းက်င္ ေက်းရြာမ်ားမွ သံဃာေတာ္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံ တိုင္းရင္းသားျပည္သူမ်ားအား ယေန႔နံနက္ပိုင္း တြင္အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ေဒသခံတုိင္းရင္းသားျပည္သူ စုစုေပါင္း ၁၃၅ ဦးတုိ႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ သားဖြား/မီးယပ္ ေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လုိအပ္သူေလးဦးကို ဗထူးၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ံုသုိ႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။   

(Unicode Version)

ရပ်စောက်မြို့နယ်၊ ဇလဲကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဇလဲကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်း တွင်အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၃၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူလေးဦးကို ဗထူးမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။  

 

 

Recent News