ဒုတိယ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီးစိုး၀င္း ဦးေဆာင္ သည္႕ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္ အဖြဲ႔ အင္ဒိုနီးရွားႏိုင္ငံမွ ျပန္လည္ေရာက္ရွိ 

ဒုတိယ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီးစိုး၀င္း ဦးေဆာင္ သည္႕ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္ အဖြဲ႔ အင္ဒိုနီးရွားႏိုင္ငံမွ ျပန္လည္ေရာက္ရွိ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၂၈ 

 

အင္ဒိုနီးရွားႏိုင္ငံတြင္ က်င္းပျပဳလုပ္ သည့္ (၂၀)ႀကိမ္ေျမာက္ အာဆီယံ ၾကည္းတပ္ဦးစီးခ်ဳပ္မ်ားအစည္းအေ၀း (20th ASEAN Chiefs of Army Multilateral Meeting-ACAMM XX)  ႏွင့္ (၂၉)ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံ တပ္မေတာ္ (ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲ (29th AARM) ပိတ္ပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့သည့္ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီးစိုး၀င္း ဦးေဆာင္ေသာ ျမန္မာ့ တပ္မေတာ္ ကိုယ္စားလွယ္ အဖြဲ႕သည္ ယေန႔ မြန္းလြဲဲပိုင္းတြင္ ရန္ကုန္ၿမိဳ႕သို႔ျပန္လည္ ေရာက္ရွိၾကသည္။ 

 

ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စား လွယ္ အဖြဲ႕အား ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးဗုိလ္ခ်ဳပ္သက္ပံုႏွင့္ တပ္မေတာ္အရာရွိႀကီး မ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ အင္ဒိုနီးရွားသံ႐ံုးမွ သံတမန္ေရးရာႏွင့္ ေကာင္စစ္ေရးရာတာ၀န္ခံ Mr. Cahya Pamengku Aji တို႔က ေလဆိပ္တြင္ ႀကိဳဆို ႏႈတ္ဆက္ၾကသည္။ ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္အတူ ဇနီး ေဒၚသန္းသန္းႏြယ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား ျပန္လည္ လိုက္ပါ လာခဲ့ေၾကာင္း သတင္းရရွိသည္။        

(Unicode Version)

 

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင် သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ 

နေပြည်တော် နိုဝင်ဘာ ၂၈ 

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ် သည့် (၂၀)ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (20th ASEAN Chiefs of Army Multilateral Meeting-ACAMM XX) နှင့် (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (29th AARM) ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိကြသည်။ 

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စား လှယ် အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်အရာရှိကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သံတမန်ရေးရာနှင့် ကောင်စစ်ရေးရာတာဝန်ခံ Mr. Cahya Pamengku Aji တို့က လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ ပြန်လည် လိုက်ပါ လာခဲ့ကြောင်း သတင်းရရှိသည်။

Recent News