(၁၃)ႀကိမ္ေျမာက္ အာဆီယံ ေရတပ္ဦးစီးခ်ဳပ္မ်ား အစည္းအေ၀းသို့ တက္ေရာက္ခဲ႕သည္႕ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဦးေဆာင္ေသာ ကိုယ္စားလွယ္ အဖြဲ႔ ကေမၻာ ဒီးယားႏုိင္ငံမွ ျပန္လည္ေရာက္ရွိ 

(၁၃)ႀကိမ္ေျမာက္ အာဆီယံ ေရတပ္ဦးစီးခ်ဳပ္မ်ား အစည္းအေ၀းသို့ တက္ေရာက္ခဲ႕သည္႕ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဦးေဆာင္ေသာ ကိုယ္စားလွယ္ အဖြဲ႔ ကေမၻာ ဒီးယားႏုိင္ငံမွ ျပန္လည္ေရာက္ရွိ 

ေနျပည္ေတာ္ ႏုိ၀င္ဘာ ၂၈

 ကေမၻာဒီးယား ႏုိင္ငံ၊ ဆီရမ္ရိၿမိဳ႕တြင္ က်င္းပ ျပဳလုပ္သည့္ (၁၃)ႀကိမ္ေျမာက္ အာဆီယံ ေရတပ္ဦးစီးခ်ဳပ္မ်ား အစည္း အေ၀း (13th ASEAN Navy Chiefs' Meeting-13th ANCM)သို႔   တက္ေရာက္ခဲ့သည့္ ကာကြယ္ေရး ဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔ညေနပုိင္းတြင္ ရန္ကုန္ၿမိဳ႕သို႔ ေလေၾကာင္း ခရီးျဖင့္ ျပန္လည္ ေရာက္ရွိလာရာ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပံုႏွင့္ အဖြဲ႕၀င္ မ်ားက ရန္ကုန္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ 

အဆိုပါ ခရီးစဥ္အတြင္း ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕သည္ ကမၻာဒီးယား ႏုိင္ငံ၊ ဒုတိယ ၀န္ႀကီးခ်ဳပ္ႏွင့္ အမ်ဳိးသား ကာကြယ္ေရး ၀န္ႀကီးျဖစ္သူ Mr. Tea Banh အား ဂါရ၀ျပဳေတြ႕ဆံုျခင္း၊ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ေရတပ္ ဦးစီးခ်ဳပ္ျဖစ္သူ Admiral Tea Vinh ႏွင့္ေတြ႕ဆံုျခင္း၊ အာဆီယံ ေရတပ္ ဦးစီးခ်ဳပ္မ်ားအား Bilateral Callေတြ႕ဆံုျခင္းႏွင့္ 13th ANCM အစည္းအေ၀း တက္ေရာက္ျခင္းမ်ား ေဆာင္ရြက္ခဲ့သည္။ 

အစည္းအေ၀းတြင္ အာဆီယံ ေရတပ္မ်ားအၾကား ပူးေပါင္း ေဆာင္ရြက္မႈ ပုိမုိတုိးျမႇင့္ ေဆာင္ရြက္ေရး၊ ေလ့က်င့္ေရး ဆုိင္ရာ ပူးေပါင္း ေဆာင္ရြက္ေရး၊ စစ္ေရယာဥ္မ်ား အျပန္အလွန္ လည္ပတ္ေရးႏွင့္ သတင္း အခ်က္အလက္ မွ်ေ၀ေရး ဆုိင္ရာ ကိစၥရပ္မ်ားအား အျမင္ခ်င္းဖလွယ္ ေဆြးေႏြး ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

(၁၃)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကမ္ဘော ဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ 

နေပြည်တော် နိုဝင်ဘာ ၂၈ 

ကမ္ဘောဒီးယား နိုင်ငံ၊ ဆီရမ်ရိမြို့တွင် ကျင်းပ ပြုလုပ်သည့် (၁၃)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်း အဝေး (13th ASEAN Navy Chiefs' Meeting-13th ANCM)သို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည် ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင် များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။ 

အဆိုပါ ခရီးစဉ်အတွင်း ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာဒီးယား နိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဖြစ်သူ Mr. Tea Banh အား ဂါရဝပြုတွေ့ဆုံခြင်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရေတပ် ဦးစီးချုပ်ဖြစ်သူ Admiral Tea Vinh နှင့်တွေ့ဆုံခြင်း၊ အာဆီယံ ရေတပ် ဦးစီးချုပ်များအား Bilateral Callတွေ့ဆုံခြင်းနှင့် 13th ANCM အစည်းအဝေး တက်ရောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ 

အစည်းအဝေးတွင် အာဆီယံ ရေတပ်များအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး၊ လေ့ကျင့်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ စစ်ရေယာဉ်များ အပြန်အလှန် လည်ပတ်ရေးနှင့် သတင်း အချက်အလက် မျှဝေရေး ဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News