အသည္းကင္ဆာ ကုသေရးဆုိင္ရာ ေဆြးေႏြးပြဲႏွင္႕ ျပပြဲက်င္းပ 

အသည္းကင္ဆာ ကုသေရးဆုိင္ရာ ေဆြးေႏြးပြဲႏွင္႕ ျပပြဲက်င္းပ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၂၈ 

 

အိႏ္ၵိယႏိုင္ငံမွ အထူးကုဆရာ၀န္ႀကီးမ်ား ပါ၀င္ေသာ အသည္းကင္ဆာ ကုသေရးဆုိင္ရာ ေနာက္ဆံုးေပၚ အခ်က္အလက္မ်ား ေဆြးေႏြးပြဲကို ယေန႔နံနက္ ၉ နာရီတြင္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ ျပဳလုပ္ရာ ေဆး႐ံုအုပ္ႀကီး ဗိုလ္မွဴးခ်ဳပ္စိန္လင္းႏွင့္ အပိုလိုေဆး႐ံုမွ အသည္းအစားထိုး ခြဲစိတ္အတုိင္ပင္ခံ ဆရာ၀န္ႀကီး Dr.Neerav Goyal တို႔က အသည္းကင္ဆာ ကုသေရးဆုိင္ရာ ေနာက္ဆံုးေပၚ အခ်က္အလက္မ်ား ေဆြးေႏြးပြဲ က်င္းပႏုိင္ျခင္းအေပၚ ႏႈတ္ခြန္းဆက္ စကားေျပာၾကားသည္။ 

 

ထို႔ေနာက္ ဗိုလ္မွဴးခ်ဳပ္စိန္လင္း၊ အႀကံေပးပုဂ္ၢိဳလ္ ပါေမာကၡ ဒုတိယဗိုလ္မွဴးႀကီးေက်ာ္စိုးထြန္း(အၿငိမ္းစား)ႏွင့္ တာ၀န္ရွိသူမ်ားက ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၾကၿပီး ေဆး၀ါးကုမၸဏီမ်ား၏ ေဆး၀ါးဆုိင္ရာ ျပခန္းမ်ားအား လိုက္လံၾကည့္႐ႈၾကသည္။ 

 

ဆက္လက္၍ ဗိုလ္မွဴးခ်ဳပ္စိန္လင္း၊ အႀကံေပးပုဂ္ၢိဳလ္ ပါေမာကၡႏွင့္ အတုိင္ပင္ခံ ဆရာ၀န္ႀကီးတို႔က အသည္းအစားထုိး ခြဲစိတ္ကုသျခင္းႏွင့္ ဓာတ္ေရာင္ျခည္ ကင္ဆာကုသမႈဆိုင္ရာအတုိင္ပင္ခံ ဆရာႀကီး Dr.Ganesh Krishnaraojadhar က အသည္းကင္ဆာတြင္ ဓာတ္ေရာင္ျခည္၏ အေရးပါမႈအား အသီးသီး ရွင္းလင္းေဆြးေႏြးၾကသည္။ 

 

၎ေနာက္ အသည္းကင္ဆာ ေရာဂါကုိကုသေသာ ေနာက္ဆံုးေပၚ ေဆး၀ါးမ်ားအေၾကာင္း၊ ျမန္မာႏုိင္ငံ အတြင္း ကင္ဆာေရာဂါကုသမႈမ်ား အေၾကာင္းတို႔အား အပိုလိုေဆး႐ံုႏွင့္ တပ္မေတာ္ေဆးတကၠသိုလ္တို႔မွ ဆရာ၀န္ႀကီးမ်ားက အသီးသီး ရွင္းလင္း ေဆြးေႏြးၾကသည္။ အဆိုပါ ေဆြးေႏြးပြဲကို အိႏ္ၵိယႏုိင္ငံ၊ အင္ဒရာပရာဘာအပိုလို ေဆး႐ံုမွ အထူးကုဆရာ၀န္ႀကီးမ်ားႏွင့္ ပူးေပါင္း က်င္းပခဲ့ျခင္းျဖစ္ၿပီး ဘာသာရပ္ဆုိင္ရာ ပါေမာကၡမ်ား၊ ပါရဂူမ်ား၊ေဆးမွဴးမ်ားႏွင့္ စိတ္ပါ၀င္စားသူမ်ား တက္ေရာက္ ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

အသည်းကင်ဆာ ကုသရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် ပြပွဲကျင်းပ 

နေပြည်တော် နိုဝင်ဘာ ၂၈ 

အိန်္ဒိယနိုင်ငံမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အသည်းကင်ဆာ ကုသရေးဆိုင်ရာ နောက်ဆုံးပေါ် အချက်အလက်များ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ၌ ပြုလုပ်ရာ ဆေးရုံအုပ်ကြီး ဗိုလ်မှူးချုပ်စိန်လင်းနှင့် အပိုလိုဆေးရုံမှ အသည်းအစားထိုး ခွဲစိတ်အတိုင်ပင်ခံ ဆရာဝန်ကြီး Dr.Neerav Goyal တို့က အသည်းကင်ဆာ ကုသရေးဆိုင်ရာ နောက်ဆုံးပေါ် အချက်အလက်များ ဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းအပေါ် နှုတ်ခွန်းဆက် စကားပြောကြားသည်။ 

ထို့နောက် ဗိုလ်မှူးချုပ်စိန်လင်း၊ အကြံပေးပုဂ်္ဂိုလ် ပါမောက္ခ ဒုတိယဗိုလ်မှူးကြီးကျော်စိုးထွန်း(အငြိမ်းစား)နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဆေးဝါးကုမ္ပဏီများ၏ ဆေးဝါးဆိုင်ရာ ပြခန်းများအား လိုက်လံကြည့်ရှုကြသည်။ 

ဆက်လက်၍ ဗိုလ်မှူးချုပ်စိန်လင်း၊ အကြံပေးပုဂ်္ဂိုလ် ပါမောက္ခနှင့် အတိုင်ပင်ခံ ဆရာဝန်ကြီးတို့က အသည်းအစားထိုး ခွဲစိတ်ကုသခြင်းနှင့် ဓာတ်ရောင်ခြည် ကင်ဆာကုသမှုဆိုင်ရာအတိုင်ပင်ခံ ဆရာကြီး Dr.Ganesh Krishnaraojadhar က အသည်းကင်ဆာတွင် ဓာတ်ရောင်ခြည်၏ အရေးပါမှုအား အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။ 

၎င်းနောက် အသည်းကင်ဆာ ရောဂါကိုကုသသော နောက်ဆုံးပေါ် ဆေးဝါးများအကြောင်း၊ မြန်မာနိုင်ငံ အတွင်း ကင်ဆာရောဂါကုသမှုများ အကြောင်းတို့အား အပိုလိုဆေးရုံနှင့် တပ်မတော်ဆေးတက္ကသိုလ်တို့မှ ဆရာဝန်ကြီးများက အသီးသီး ရှင်းလင်း ဆွေးနွေးကြသည်။ အဆိုပါ ဆွေးနွေးပွဲကို အိန်္ဒိယနိုင်ငံ၊ အင်ဒရာပရာဘာအပိုလို ဆေးရုံမှ အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ပါရဂူများ၊ဆေးမှူးများနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News