ဖယ္ခုံၿမိဳ့နယ္၊ ဆီဘူးေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္၊ ျပည္သူ့စစ္(ဌာေန) အဖြဲ႕၀င္မ်ားအား ေတြ႕ဆုံ 

ဖယ္ခုံၿမိဳ့နယ္၊ ဆီဘူးေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္၊ ျပည္သူ့စစ္(ဌာေန) အဖြဲ႕၀င္မ်ားအား ေတြ႕ဆုံ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၂၈

 

 ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဖယ္ခုံၿမိဳ႕နယ္၊ အလယ္ကယန္းေက်းရြာအုပ္စု၊ ဆီဘူးေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေက်းရြာရွိ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ ပိုင္းတြင္ အေရွ႕ပိုင္းတိုင္းစစ္ ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာ တုိက္နယ္ျပည္သူ႔ေဆး႐ံု၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူ ၃၈၀ ဦးႏွင့္ေဒသခံ တိုင္းရင္းသားျပည္သူ ၁၃၁ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊ ကေလးေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ယင္းသုိ႔ေဆာင္ရြက္ေပးေနမႈမ်ားကို တိုင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးသည္။

 

 ထို႔ေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕၀င္မ်ားသည္ ကယားျပည္နယ္ အတြင္းရွိ ျပည္သူ႔စစ္(ဌာေန) အဖြဲ႕၀င္မ်ားအား လိြဳင္ေကာ္ၿမိဳ႕ရွိ နယ္ေျမခံ တပ္နယ္ခန္းမ၌ ေတြ႕ဆုံအမွာစကား ေျပာၾကားၿပီး ျပည္သူ႔စစ္(ဌာေန) အဖြဲ႕၀င္မ်ား၏ တင္ျပခ်က္မ်ားအေပၚ ညိႇႏိႈင္းေဆာင္ရြက္ေပးကာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ဖယ်ခုံမြို့နယ်၊ ဆီဘူးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ 

နေပြည်တော် နိုဝင်ဘာ ၂၈ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စု၊ ဆီဘူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက် ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၃၈၀ ဦးနှင့်ဒေသခံ တိုင်းရင်းသားပြည်သူ ၁၃၁ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးသည်။ 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကယားပြည်နယ် အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား လွိုင်ကော်မြို့ရှိ နယ်မြေခံ တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News