ပုဗၺသီရိတပ္နယ္၌ အသက္ ၉ လမွ ၅ ႏွစ္ခြဲထိ ကေလးငယ္မ်ားအား အပိုေဆာင္း ၀က္သက္ဂ်ဳိက္သိုး ကာကြယ္ေဆး ထုိးႏွံေပး 

ပုဗၺသီရိတပ္နယ္၌ အသက္ ၉ လမွ ၅ ႏွစ္ခြဲထိ ကေလးငယ္မ်ားအား အပိုေဆာင္း ၀က္သက္ဂ်ဳိက္သိုး ကာကြယ္ေဆး ထုိးႏွံေပး 

ေနျပည္ေတာ္ ႏို၀င္ဘာ ၂၈

 ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္၊ ပုဗၺသီရိ တပ္နယ္အတြင္းရွိ တပ္မေတာ္သား မိသားစု၀င္မ်ား၏ သားသမီး အသက္ ၉ လမွ ၅ ႏွစ္ခြဲအထိ ကေလးငယ္မ်ားအား အပိုေဆာင္း ၀က္သက္ဂ်ဳိက္သိုး ကာကြယ္ေဆးထုိးႏွံျခင္းကို ယေန႔နံနက္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္၊ ဆင္ျဖဴရွင္ခန္းမ၌ ျပဳလုပ္သည္။

 အဆိုပါ ကာကြယ္ေဆး ထုိးႏွံေပးရာတြင္ နယ္ေျမခံတပ္မေတာ္ ေဆး႐ံုမွ ပါရဂူမ်ားႏွင့္ ဆရာ၀န္မ်ားက ကေလးငယ္ ၇၆၀ ဦးကို အပိုေဆာင္း ၀က္သက္ဂ်ိဳက္သိုး ကာကြယ္ေဆးမ်ား ထုိးႏွံေပးသည္။ ယင္းသုိ႔ေဆာင္ရြက္ေပးေန မႈမ်ားကို တိုင္းမွဴး ဗိုလ္ခ်ဳပ္ျမင့္ေမာ္ႏွင့္ အဖြဲ႕၀င္မ်ားက ၾကည့္႐ႈအားေပးကာ ကေလးငယ္မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

ပုဗ္ဗသီရိတပ်နယ်၌ အသက် ၉ လမှ ၅ နှစ်ခွဲထိ ကလေးငယ်များအား အပိုဆောင်း ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေး 

နေပြည်တော် နိုဝင်ဘာ ၂၈ 

နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ ပုဗ္ဗသီရိ တပ်နယ်အတွင်းရှိ တပ်မတော်သား မိသားစုဝင်များ၏ သားသမီး အသက် ၉ လမှ ၅ နှစ်ခွဲအထိ ကလေးငယ်များအား အပိုဆောင်း ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဆင်ဖြူရှင်ခန်းမ၌ ပြုလုပ်သည်။ 

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် နယ်မြေခံတပ်မတော် ဆေးရုံမှ ပါရဂူများနှင့် ဆရာဝန်များက ကလေးငယ် ၇၆၀ ဦးကို အပိုဆောင်း ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေ မှုများကို တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News