ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ဘဂၤလားေဒ့ရွ္တပ္မေတာ္မွ တပ္မႀကီးမွဴး Major General Md Main Ullah Chowdhury, awc, psc အား လက္ခံေတြ႕ဆံု

 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ဘဂၤလားေဒ့ရွ္တပ္မေတာ္မွ တပ္မႀကီးမွဴး Major   General  Md Main Ullah  Chowdhury, awc, psc အား လက္ခံေတြ႕ဆံု

ေနျပည္ေတာ္ ႏို၀င္ဘာ  ၂၉

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ ဘဂၤလားေဒ့ရွ္တပ္မေတာ္မွ တပ္မႀကီးမွဴး Major  General  Md Main Ullah  Chowdhury, awc, psc   ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕အား ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌  လက္ခံေတြ႕ဆုံသည္။

ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး  ဘဂၤလားေဒ့ရွ္တပ္မေတာ္မွ တပ္မႀကီးမွဴး Major  General  Md Main Ullah  Chowdhury, awc, psc ႏွင့္အတူ ဘဂၤလားေဒ့ရွ္တပ္မေတာ္မွ အရာရွိ ႀကီးမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္စစ္သံမွဴး Brigadier General Rashedul Mannan, Isc တို႔တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား အျပန္အလွန္  ယံုၾကည္မႈ၊ ေလးစားမႈတို႕ကို အေျခခံၿပီး ပူးေပါင္းေဆာင္ရြက္မႈမ်ား တိုးျမႇင့္ေဆာင္ရြက္ေရး၊ ဒုတိယ အႀကိမ္ ျမန္မာ- ဘဂၤလားေဒ့ရွ္ တပ္မေတာ္ႏွစ္ရပ္အၾကား Army to Army Staff Talks အစည္းအေ၀းက်င္းပႏိုင္ခဲ့မႈ အေျခအေန မ်ားအား ေဆြးေႏြးၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ ဘဂၤလားေဒ့ရွ္တပ္မေတာ္မွ တပ္မႀကီးမွဴးတို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၿပီး အဖဲြ႕၀င္မ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ တပ်မကြီးမှူး Major   General  Md Main Ullah  Chowdhury, awc, psc အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ  ၂၉

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ တပ်မကြီးမှူး Major  General  Md Main Ullah  Chowdhury, awc, psc   ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌  လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး  ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ တပ်မကြီးမှူး Major  General  Md Main Ullah  Chowdhury, awc, psc နှင့်အတူ ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်စစ်သံမှူး Brigadier General Rashedul Mannan, Isc တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အပြန်အလှန်  ယုံကြည်မှု၊ လေးစားမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ ဒုတိယ အကြိမ် မြန်မာ- ဘင်္ဂလားဒေ့ရှ် တပ်မတော်နှစ်ရပ်အကြား Army to Army Staff Talks အစည်းအဝေးကျင်းပနိုင်ခဲ့မှု အခြေအနေ များအား ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ တပ်မကြီးမှူးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

           

           

Recent News