ခႏ္ၲီးၿမိဳ႔၊ ေပါမိုင္းရပ္ကြက္၌ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ 

ခႏ္ၲီးၿမိဳ႔၊ ေပါမိုင္းရပ္ကြက္၌ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၂၉ 

 

စစ္ကိုင္းတုိင္းေဒသႀကီး၊ ခႏီ္ၲးၿမိဳ႕၊ ေပါမိုင္းရပ္ကြက္ရွိ အေျခခံပညာ မူလတန္းလြန္ ေက်ာင္းမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔ နံနက္ပိုင္း တြင္ အေနာက္ေျမာက္ တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်ာင္း၌ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္း သား၊ ေက်ာင္းသူ ၁၁၇ ဦးတို႔ကို မ်က္စိေရာဂါ၊ ဆီးလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ အေရျပားေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ အသက္႐ွဴ လမ္းေၾကာင္းဆိုင္ရာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္ သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းႏွင့္ ECG စက္ျဖင့္ ႏွလုံးစမ္း သပ္စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္သူ ႏွစ္ဦးကို ခႏ္ၲီးၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသုိ႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ ေပးသည္။

 

 ထို႔ျပင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေသြးလြန္တုပ္ေကြး ႏွင့္ သြားႏွင့္ခံတြင္း ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာ ေဆြးေႏြးေပးၿပီး ဆရာ၊ ဆရာမမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။      

 

(Unicode Version)

 

  ခန်္တီးမြို့၊ ပေါမိုင်းရပ်ကွက်၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက် 

နေပြည်တော် နိုဝင်ဘာ ၂၉ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခနီ်္တးမြို့၊ ပေါမိုင်းရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန် ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်း တွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူ ၁၁၇ ဦးတို့ကို မျက်စိရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ အရိုး/ အကြောရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ် သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းနှင့် ECG စက်ဖြင့် နှလုံးစမ်း သပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ နှစ်ဦးကို ခန်္တီးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။ 
 

ထို့ပြင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေး နှင့် သွားနှင့်ခံတွင်း ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးပေးပြီး ဆရာ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။                   

Recent News