တပ္မေတာ္ပင္လယ္သြား ေဆး႐ံုေရယာဥ္(သံလြင္) မြန္ႏွင္႕တနသၤာရီကမ္း႐ိုးတန္း ေဒသမ်ားရွိ ေက်းရြာမ်ားမွေဒသ ခံျပည္သူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ၿပီး ျပန္လည္ေရာက္ရွိ 

တပ္မေတာ္ပင္လယ္သြား ေဆး႐ံုေရယာဥ္(သံလြင္) မြန္ႏွင္႕တနသၤာရီကမ္း႐ိုးတန္း ေဒသမ်ားရွိ ေက်းရြာမ်ားမွေဒသ ခံျပည္သူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ၿပီး ျပန္လည္ေရာက္ရွိ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၂၉ 

 

တပ္မေတာ္ ပင္လယ္သြားေဆး႐ံုေရယာဥ္ (သံလြင္)ျဖင့္ မြန္၊ တနသၤာရီကမ္း႐ိုးတန္း ေဒသမ်ားသို႔ သြားေရာက္ခဲ့သည့္ တပ္မေတာ္နယ္လွည့္ အထူးကုေဆးအဖြဲ႕မ်ားသည္ အဆိုပါေဒသမ်ားရွိ ေက်းရြာမ်ားမွေဒသခံ ျပည္သူမ်ားအား ႏုိ၀င္ဘာ ၁၉ ရက္ မွ ၂၆ ရက္အထိ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ၿပီး ယေန႔ ညေန ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ အမွတ္(၄) ေရတပ္ေဗာတံတားသို႔ ျပန္လည္ေရာက္ရွိၾကရာ ေရတပ္ေလ့က်င့္ေရး ဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴး ဗိုလ္ခ်ဳပ္ေဌးႏုိင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ 

 

အဆိုပါတပ္မေတာ္ ပင္လယ္သြားေဆး႐ံု ေရယာဥ္(သံလြင္)မွ အထူးကုေဆးအဖြဲ႕မ်ား သည္ မြန္၊ တနသၤာရီ ကမ္း႐ိုးတန္းေဒသမ်ားရွိ ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ား အား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးမႈအေနျဖင့္ ေဆးကုသမႈဆုိင္ ရာေရာဂါ ၃၀၅၃ ဦး၊ ခြဲစိတ္ေရာဂါ ၈၆၉ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၄၃၆ ဦး၊ ကေလး ေရာဂါ ၉၇၀ ဦး၊ အ႐ိုးေရာဂါ ၈၉၂ ဦး၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၅၆၂ ဦး၊ မ်က္စိေရာဂါ ၁၅၀၆ ဦးႏွင့္ သြား ေရာဂါ ၁၂၀၆ ဦး စုစုေပါင္း ေဒသခံျပည္သူ ၉၄၉၄ ဦးတို႔ကို လိုအပ္သည့္ ေဆး၀ါးကုသမႈမ်ား ေဆာင္ရြက္ေပးႏုိင္ခဲ့ၿပီး ၎တို႔အနက္ မ်က္စိ ခြဲစိတ္လူနာ ၇၉ ဦးႏွင့္ အေထြေထြ ခြဲစိတ္လူနာ ၆၃ ဦးတို႔ကို ေဆး႐ံုေရယာဥ္ ေပၚတြင္ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးခဲ့သည္။

 

 ထို႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၁၄၄ ဦး၊ Ultrasound ႐ိုက္လူနာ ၂၂၃ ဦး၊ ဓာတ္ခြဲ စမ္းသပ္ လူနာ ၂၈၈ ဦး၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္လူနာ ၂၁၅ ဦးႏွင့္ ကြန္ပ်ဴတာ ဓာတ္မွန္ ႐ိုက္လူနာတစ္ဦးတုိ႔ကို ေရာဂါရွာေဖြစမ္းသပ္ျခင္းမ်ား ေဆာင္ရြက္ေပးႏုိင္ခဲ့ၿပီး ေဆး႐ံု တက္ေရာက္ကုသရန္ လိုအပ္သူ ေဒသခံျပည္သူ ၁၃၅ ဦးကိုလည္း ေဆး႐ံုေရယာဥ္ (သံလြင္)ေပၚ၌ပင္ ေဆး႐ံုတင္ ကုသေပးႏုိင္ခဲ့ကာ ေဆး႐ံုလႊဲေျပာင္း ကုသရန္လိုအပ္သူ ၁၁ ဦးကိုလည္း သက္ဆုိင္ရာ ၿမိဳ႕နယ္မ်ားရွိ တပ္မေတာ္ေဆး႐ံုမ်ားသို႔ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ ေပးႏုိင္ခဲ့သည္။ 

 

တပ္မေတာ္ နယ္လွည့္အထူးေဆးအဖြဲ႕ မ်ားပါ၀င္ေသာ တပ္မေတာ္ပင္လယ္သြား ေဆး ႐ံုေရယာဥ္(သံလြင္)ျဖင့္ ၂၀၁၆ ခုႏွစ္မွ စ၍ ျမန္မာ့ ပင္လယ္ကမ္း႐ိုးတန္း ေဒသမ်ားရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ရာ ယခုခရီးစဥ္သည္ (၁၂)ႀကိမ္ေျမာက္ျဖစ္ၿပီး ေဒသခံျပည္သူ စုစုေပါင္း ၁၀၄၄၅၅ ဦးတို႔ကို က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးႏုိင္ခဲ့ေၾကာင္းႏွင့္ ေဆး႐ံု ေရယာဥ္ေပၚရွိ သားဖြားခန္း၌ ကိုယ္၀န္ ေဆာင္မိခင္ ၁၂ ဦးအား ေအာင္ျမင္စြာ ေမြးဖြား ေပးႏုိင္ခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) မွန်နှင့်တနင်္သာရီကမ်းရိုးတန်း ဒေသများရှိ ကျေးရွာများမှဒေသ ခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ 

နေပြည်တော် နိုဝင်ဘာ ၂၉ 

တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)ဖြင့် မွန်၊ တနင်္သာရီကမ်းရိုးတန်း ဒေသများသို့ သွားရောက်ခဲ့သည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များသည် အဆိုပါဒေသများရှိ ကျေးရွာများမှဒေသခံ ပြည်သူများအား နိုဝင်ဘာ ၁၉ ရက် မှ ၂၆ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ ညနေ ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄) ရေတပ်ဗောတံတားသို့ ပြန်လည်ရောက်ရှိကြရာ ရေတပ်လေ့ကျင့်ရေး ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်ဌေးနိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ 

အဆိုပါတပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)မှ အထူးကုဆေးအဖွဲ့များ သည် မွန်၊ တနင်္သာရီ ကမ်းရိုးတန်းဒေသများရှိ ကျေးရွာများမှ ဒေသခံပြည်သူများ အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင် ရာရောဂါ ၃၀၅၃ ဦး၊ ခွဲစိတ်ရောဂါ ၈၆၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၃၆ ဦး၊ ကလေး ရောဂါ ၉၇၀ ဦး၊ အရိုးရောဂါ ၈၉၂ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၅၆၂ ဦး၊ မျက်စိရောဂါ ၁၅၀၆ ဦးနှင့် သွား ရောဂါ ၁၂၀၆ ဦး စုစုပေါင်း ဒေသခံပြည်သူ ၉၄၉၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိ ခွဲစိတ်လူနာ ၇၉ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၆၃ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ 

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၄၄ ဦး၊ Ultrasound ရိုက်လူနာ ၂၂၃ ဦး၊ ဓာတ်ခွဲ စမ်းသပ် လူနာ ၂၈၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၁၅ ဦးနှင့် ကွန်ပျူတာ ဓာတ်မှန် ရိုက်လူနာတစ်ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ဒေသခံပြည်သူ ၁၃၅ ဦးကိုလည်း ဆေးရုံရေယာဉ် (သံလွင်)ပေါ်၌ပင် ဆေးရုံတင် ကုသပေးနိုင်ခဲ့ကာ ဆေးရုံလွှဲပြောင်း ကုသရန်လိုအပ်သူ ၁၁ ဦးကိုလည်း သက်ဆိုင်ရာ မြို့နယ်များရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့သည်။ 

တပ်မတော် နယ်လှည့်အထူးဆေးအဖွဲ့ များပါဝင်သော တပ်မတော်ပင်လယ်သွား ဆေး ရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှ စ၍ မြန်မာ့ ပင်လယ်ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုခရီးစဉ်သည် (၁၂)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူ စုစုပေါင်း ၁၀၄၄၅၅ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံ ရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန် ဆောင်မိခင် ၁၂ ဦးအား အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News