တကၠသိုလ္ ေလ့က်င့္ေရးတပ္မွ ၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္ တကၠသိုလ္ ေလ့က်င့္ေရး တပ္ဖဲြ့ဝင္ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စခန္းခ် ေလ့က်င့္ေရး သင္တန္းဖြင့္ပြဲမ်ား က်င္းပ 

 

ေနျပည္ေတာ္ ေအာက္တုိဘာ ၁ 

 

စစ္ပညာကိုသင္ၾကားရန္ စိတ္ပါဝင္စားသည့္ တကၠသိုလ္အသီးသီးရွိ ဆရာ၊ ဆရာမမ်ားကို တပ္ဖဲြ႕ဝင္အျဖစ္ လက္ခံ ေလ့က်င့္ေပးျခင္း၊ အရည္အခ်င္း ကိုက္ညီၿပီး ျပန္တမ္းဝင္ အရာရွိအျဖစ္ ေလွ်ာက္ထားလိုသူမ်ားကို စိစစ္ ေရြးခ်ယ္ ေလ့က်င့္ခန္႔အပ္ေပးျခင္းအျပင္ တကၠသုိလ္ေလ့က်င့္ေရးတပ္ဖဲြ႕ဝင္ တကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ၎တုိ႔၏ ပညာသင္ႏွစ္ၿပီးဆံုးခ်ိန္တြင္ တပ္မေတာ္သို႔ အရာရွိ၊ အရာခံ၊ အၾကပ္အဆင့္အတန္းမ်ားအျဖစ္ ဝင္ေရာက္ အမႈထမ္းေဆာင္လိုပါက သင့္ေလ်ာ္ကိုက္ညီေသာ အေျခခံစစ္ပညာ သင္တန္းမ်ား ေလ့က်င့္ေပးရန္ႏွင့္ ထုိကဲ့သို႔ ေလ့က်င့္သင္တန္းေပးထားျခင္းအားျဖင့္ ႏုိင္ငံ ေတာ္တြင္ အေရးေပၚအေျခအေနႀကံဳေတြ႕လာပါက ေလ့က်င့္သား ျပည့္ဝေသာ အရန္အင္အားစုတစ္ခု တည္ေဆာက္ႏုိင္ရန္ ရည္ရြယ္၍ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)၊ ျပည္သူ႔စစ္ႏွင့္ နယ္ျခားတပ္မ်ားၫႊန္ၾကားေရး မွဴး႐ံုး၏ တကၠသိုလ္ေလ့က်င့္ေရးတပ္မ်ားမွ ၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္၊ တကၠသိုလ္ ေလ့က်င့္ေရးတပ္ဖဲြ႕ဝင္ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စခန္းခ် ေလ့က်င့္ေရး သင္တန္းဖြင့္ပြဲမ်ားကို ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ တုိက္ႀကီးၿမိဳ႕နယ္၊ မႏၲေလးတုိင္း ေဒသႀကီး၊ ရမည္း သင္းၿမိဳ႕နယ္၊ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပင္ေလာင္း ၿမိဳ႕နယ္ႏွင့္္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ဥတၱရသီရိၿမိဳ႕နယ္မ်ားရွိ နယ္ေျမခံေလ့က်င့္ ေရးသင္တန္း ေက်ာင္း မ်ား၌ အသီးသီးက်င္းပ ျပဳလုပ္ၾကသည္။ 

 

သင္တန္းဖြင့္ပြဲမ်ားသို႔ သက္ဆုိင္ရာတုိင္း စစ္ဌာနခ်ဳပ္မွ ဒုတိယတုိင္းမွဴးမ်ား၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)၊ ျပည္သူ႔စစ္ႏွင့္ နယ္ျခားတပ္မ်ား ၫႊန္ၾကားေရးမွဴး႐ံုး ဒုတိယ ၫႊန္ၾကားေရးမွဴးႏွင့္ တပ္မေတာ္အရာရွိႀကီး မ်ား၊ သင္တန္းနည္းျပမ်ား၊ တကၠသိုလ္ေလ့က်င့္ေရး တပ္ဖဲြ႕ဝင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တက္ေရာက္ၾကသည္။ 

 

အဆုိပါသင္တန္းမ်ားတြင္ ယခင္ကအမ်ဳိး သားမ်ားသာ တက္ေရာက္ခဲ့ေသာ္လည္း ၂ဝ၁၅-၂ဝ၁၆ ပညာသင္ႏွစ္မွ စတင္၍ အမ်ဳိး သမီးတပ္ဖဲြ႕ဝင္ ဆရာမမ်ားႏွင့္ ေက်ာင္းသူမ်ားပါ ဆႏၵျပဳတက္ေရာက္ခဲ့ၾကသည္။ 

 

သင္တန္းမ်ားကို ေအာက္တုိဘာ ၃ဝ ရက္ အထိ ရက္သတၱပတ္ ငါးပတ္ၾကာ ေလ့က်င့္ သင္ၾကား ေပးသြား မည္ျဖစ္ၿပီး ၂ဝ၁၂-၂ဝ၁၃ ပညာသင္ႏွစ္မွစတင္၍ ႏွစ္စဥ္ျပန္လည္ဖြင့္ လွစ္ခဲ့ျခင္းျဖစ္ကာ ၂ဝ၁၆-၂ဝ၁၇ ပညာသင္ ႏွစ္တြင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၆၄၃ ဦး၊ ယခု ၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္တြင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၈၇၉ ဦး တက္ေရာက္မည္ျဖစ္သျဖင့္ ယခင္ႏွစ္ထက္ တပ္ဖြဲ႕ဝင္ အင္အား ၂၃၆ ဦး တိုးတက္ လာေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စခန်းချ လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲများ ကျင်းပ 

နေပြည်တော် အောက်တိုဘာ ၁ 

စစ်ပညာကိုသင်ကြားရန် စိတ်ပါဝင်စားသည့် တက္ကသိုလ်အသီးသီးရှိ ဆရာ၊ ဆရာမများကို တပ်ဖွဲ့ဝင်အဖြစ် လက်ခံ လေ့ကျင့်ပေးခြင်း၊ အရည်အချင်း ကိုက်ညီပြီး ပြန်တမ်းဝင် အရာရှိအဖြစ် လျှောက်ထားလိုသူများကို စိစစ် ရွေးချယ် လေ့ကျင့်ခန့်အပ်ပေးခြင်းအပြင် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့၏ ပညာသင်နှစ်ပြီးဆုံးချိန်တွင် တပ်မတော်သို့ အရာရှိ၊ အရာခံ၊ အကြပ်အဆင့်အတန်းများအဖြစ် ဝင်ရောက် အမှုထမ်းဆောင်လိုပါက သင့်လျော်ကိုက်ညီသော အခြေခံစစ်ပညာ သင်တန်းများ လေ့ကျင့်ပေးရန်နှင့် ထိုကဲ့သို့ လေ့ကျင့်သင်တန်းပေးထားခြင်းအားဖြင့် နိုင်ငံ တော်တွင် အရေးပေါ်အခြေအနေကြုံတွေ့လာပါက လေ့ကျင့်သား ပြည့်ဝသော အရန်အင်အားစုတစ်ခု တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေး မှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စခန်းချ လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ရမည်း သင်းမြို့နယ်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်း မြို့နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်များရှိ နယ်မြေခံလေ့ကျင့် ရေးသင်တန်း ကျောင်း များ၌ အသီးသီးကျင်းပ ပြုလုပ်ကြသည်။ 

သင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးနှင့် တပ်မတော်အရာရှိကြီး များ၊ သင်တန်းနည်းပြများ၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ 

အဆိုပါသင်တန်းများတွင် ယခင်ကအမျိုး သားများသာ တက်ရောက်ခဲ့သော်လည်း ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှ စတင်၍ အမျိုး သမီးတပ်ဖွဲ့ဝင် ဆရာမများနှင့် ကျောင်းသူများပါ ဆန္ဒပြုတက်ရောက်ခဲ့ကြသည်။ 

သင်တန်းများကို အောက်တိုဘာ ၃ဝ ရက် အထိ ရက်သတ္တပတ် ငါးပတ်ကြာ လေ့ကျင့် သင်ကြား ပေးသွား မည်ဖြစ်ပြီး ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်မှစတင်၍ နှစ်စဉ်ပြန်လည်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ကာ ၂ဝ၁၆-၂ဝ၁၇ ပညာသင် နှစ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၆၄၃ ဦး၊ ယခု ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၈၇၉ ဦး တက်ရောက်မည်ဖြစ်သဖြင့် ယခင်နှစ်ထက် တပ်ဖွဲ့ဝင် အင်အား ၂၃၆ ဦး တိုးတက် လာကြောင်း သတင်းရရှိသည်။

Recent News