အျပည္ျပည္ဆုိင္ရာ သက္ႀကီးရြယ္အုိမ်ားေန႔ အထိမ္းအမွတ္အျဖစ္ ေကတုမတီ ဘုိးဘြားရိပ္သာရွိ အဘုိးအဘြားမ်ားအား အလွဴေငြေပးအပ္ လွဴဒါန္း 

ေနျပည္ေတာ္ ေအာက္တုိဘာ ၁ 

အျပည္ျပည္ဆုိင္ရာ သက္ႀကီးရြယ္အိုမ်ားေန႔ အထိမ္းအမွတ္အျဖစ္ ပဲခူးတုိင္း ေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ ေကတုမတီ ဘုိးဘြားရိပ္သာရွိ အဘုိးအဘြားမ်ားအား အလွဴေငြ ေပးအပ္ လွဴဒါန္းပြဲကို ယေန႔နံနက္ပုိင္းတြင္ အဆုိပါ ဘိုးဘြားရိပ္သာ၌ ျပဳလုပ္ရာ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ ဒုတိယတုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ သိန္းလြင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာ တာဝန္ရွိသူမ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ အလွဴရွင္မ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ ဘိုးဘြားရိပ္သာမွ တာဝန္ရွိသူမ်ားက ေစတနာရွင္ အလွဴရွင္မ်ားအား ေက်းဇူးတင္ စကားေျပာၾကားသည္။ ထုိ႔ေနာက္ ဒုတိယတုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ရိပ္သာရွိ အဘိုး ခုနစ္ဦးႏွင့္ အဘြား ၂၈ ဦးတို႔အတြက္ တုိင္းစစ္ဌာနခ်ဳပ္မိသားစုမ်ားက လွဴဒါန္းသည့္ အလွဴေငြမ်ားကို ေပးအပ္လွဴဒါန္းရာ တာဝန္ရွိသူမ်ားက လက္ခံရယူၾကၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။ 

၎ေနာက္အျပည္ျပည္ဆုိင္ရာ သက္ႀကီးရြယ္အုိမ်ားေန႔ အထိမ္းအမွတ္ စာစီစာကံုး ၿပိဳင္ပြဲတြင္ ဆုရရွိၾကသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဒုတိယတုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ဂုဏ္ျပဳဆုမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version) 

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ကေတုမတီ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား အလှူငွေပေးအပ် လှူဒါန်း 

နေပြည်တော် အောက်တိုဘာ ၁ 

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား အလှူငွေ ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘိုးဘွားရိပ်သာ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သိန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများက စေတနာရှင် အလှူရှင်များအား ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များက ရိပ်သာရှိ အဘိုး ခုနစ်ဦးနှင့် အဘွား ၂၈ ဦးတို့အတွက် တိုင်းစစ်ဌာနချုပ်မိသားစုများက လှူဒါန်းသည့် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ 

၎င်းနောက်အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။  

Recent News