ပဲခူးတုိင္းေဒသႀကီး အတြင္းရွိ ၿမိဳ႕နယ္မ်ား၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ပဲခူးတုိင္းေဒသႀကီး အတြင္းရွိ ၿမိဳ႕နယ္မ်ား၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ႏုိဝင္ဘာ ၃ဝ 

 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ေျမာက္ေရၾကည္ေက်းရြာအုပ္စု၊ ဝမ္းဘဲစာေက်းရြာရွိ သံဃာေတာ္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က သံဃာေတာ္ငါးပါး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၅ဝ ဦးႏွင့္ ေဒသခံျပည္သူ ၉၇ ဦးတုိ႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာေရာဂါ၊ ေသြးတုိးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ ႏွလံုးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးျခင္း၊ Ultrasound ႐ိုက္ကူးေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး ေဒသခံျပည္သူမ်ားအား ေဆးမ်က္မွန္မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ ဝမ္းဘဲစာေက်ာင္းဆရာေတာ္ ဘဒၵႏၲဉာဏဂၢအားဖူးေျမာ္၍ သကၤန္း၊ ဆြမ္းဆန္ေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။ 

 

အလားတူ ေရႊက်င္ၿမိဳ႕နယ္ရွိ စစ္မႈထမ္း ေဟာင္းအဖဲြ႕ဝင္ ၇၈ ဦးကို ေရႊက်င္ၿမိဳ႕၊ နယ္ေျမခံတပ္ရင္းခန္းမ၌ လည္းေကာင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ ေကာ့ျပင္းေက်းရြာရွိ ေဒသခံျပည္သူ ၁၇၃ ဦးကို အဆိုပါ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး႐ံုး၌လည္းေကာင္း၊ ေပါက္ေခါင္းၿမိဳ႕နယ္၊ စမ္းကေလးေက်းရြာရွိ သံဃာေတာ္ႏွစ္ပါး၊ သာသနာ့အႏြယ္ဝင္သီလရွင္သံုးပါးႏွင့္ ေဒသခံျပည္သူ ၂၂၉ ဦးကို အဆိုပါ ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း ၌လည္းေကာင္း၊ ပန္းေတာင္းၿမိဳ႕နယ္၊ ထိပ္ေပါက္ေက်းရြာရွိ ေဒသခံျပည္သူ ၈၇ ဦးကို အဆိုပါ ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း၌ လည္းေကာင္း၊ အင္းတေကာ္ၿမိဳ႕နယ္၊ သာယာေအးေက်းရြာရွိ စစ္မႈထမ္းေဟာင္း အဖဲြ႕ဝင္ ၄၄ ဦးကို ေက်းရြာဓမၼာ႐ံု၌ လည္းေကာင္း၊ တိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕မ်ားက ေသြးတုိးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အေရျပားေရာဂါ၊ အေထြေထြေရာဂါ တုိ႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူရွစ္ဦးကို ျပည္ၿမိဳ႕ႏွင့္ ေတာင္ငူၿမိဳ႕တုိ႔ရွိ တပ္မေတာ္ေဆး႐ံုမ်ားသို႔ တက္ေရာက္ကုသႏိုင္ ေရး စီစဥ္ေဆာင္ရြက္ေပးသည္။

 

 ထုိ႔ျပင္ ေတာင္ငူတပ္နယ္၊ ေက်ာက္ႀကီးတပ္နယ္ႏွင့္ ျပည္တပ္နယ္တုိ႔မွ တပ္မေတာ္သားမ်ားက ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဌာနဆုိင္ရာဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား တပ္မေတာ္သား မိသားစုမ်ား၏ တစ္ပိုင္တစ္ႏုိင္ စုိက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္၊ ၾကက္ဥ၊ ဘဲဥမ်ားႏွင့္ တပ္မေတာ္စက္႐ံုမ်ားမွ ထုတ္လုပ္သည့္ အဝတ္အထည္ႏွင့္ အသံုးအေဆာင္ပစၥည္းမ်ားကို ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် နိုဝင်ဘာ ၃ဝ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြောက်ရေကြည်ကျေးရွာအုပ်စု၊ ဝမ်းဘဲစာကျေးရွာရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။  

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော်ငါးပါး၊ ကျောင်းသား၊ ကျောင်းသူ ၅ဝ ဦးနှင့် ဒေသခံပြည်သူ ၉၇ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ Ultrasound ရိုက်ကူးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအား ဆေးမျက်မှန်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဝမ်းဘဲစာကျောင်းဆရာတော် ဘဒ္ဒန္တဉာဏဂ္ဂအားဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ 

အလားတူ ရွှေကျင်မြို့နယ်ရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင် ၇၈ ဦးကို ရွှေကျင်မြို့၊ နယ်မြေခံတပ်ရင်းခန်းမ၌ လည်းကောင်း၊ ကျောက်ကြီးမြို့နယ်၊ ကော့ပြင်းကျေးရွာရှိ ဒေသခံပြည်သူ ၁၇၃ ဦးကို အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းကလေးကျေးရွာရှိ သံဃာတော်နှစ်ပါး၊ သာသနာ့အနွယ်ဝင်သီလရှင်သုံးပါးနှင့် ဒေသခံပြည်သူ ၂၂၉ ဦးကို အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း ၌လည်းကောင်း၊ ပန်းတောင်းမြို့နယ်၊ ထိပ်ပေါက်ကျေးရွာရှိ ဒေသခံပြည်သူ ၈၇ ဦးကို အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း၊ အင်းတကော်မြို့နယ်၊ သာယာအေးကျေးရွာရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၄၄ ဦးကို ကျေးရွာဓမ္မာရုံ၌ လည်းကောင်း၊ တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့များက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူရှစ်ဦးကို ပြည်မြို့နှင့် တောင်ငူမြို့တို့ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင် ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 

ထို့ပြင် တောင်ငူတပ်နယ်၊ ကျောက်ကြီးတပ်နယ်နှင့် ပြည်တပ်နယ်တို့မှ တပ်မတော်သားများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တပ်မတော်သား မိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News