ေတာင္ငူၿမိဳ႔နယ္ ဆိတ္ဖူးေတာင္ ေက်းရြာ၌ (၂၇)ႀကိမ္ေျမာက္ ရွမ္းႏွစ္သစ္ကူး ပြဲေတာ္ႏွင္႕ေကာက္သစ္စား ပြဲေတာ္ျပဳလုပ္ 

ေတာင္ငူၿမိဳ႔နယ္ ဆိတ္ဖူးေတာင္ ေက်းရြာ၌ (၂၇)ႀကိမ္ေျမာက္ ရွမ္းႏွစ္သစ္ကူး ပြဲေတာ္ႏွင္႕ေကာက္သစ္စား ပြဲေတာ္ျပဳလုပ္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၁ 

 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ဆိတ္ဖူးေတာင္ေက်းရြာ၌ (၂၇)ႀကိမ္ေျမာက္ ရွမ္းႏွစ္သစ္ကူး ပြဲေတာ္ႏွင့္ ေကာက္သစ္စား ပြဲေတာ္ကို ႏုိ၀င္ဘာ ၃၀ ရက္ ညေနပိုင္း တြင္ျပဳလုပ္ရာ ပဲခူးတုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္၊ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိး၀င္းႏွင့္ အဖြဲ႕၀င္မ်ား၊ ဌာနဆုိင္ရာမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ေဒသခံ ရွမ္းတုိင္းရင္း သားမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ ရွမ္းႏွစ္သစ္ကူးပြဲေတာ္ႏွင့္ ေကာက္သစ္စားပြဲေတာ္ကို ဖြင့္လွစ္ၿပီး တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကား ေျပာၾကားၾကသည္။ထို႔ေနာက္ တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ႏွစ္သစ္ကူးဂုဏ္ျပဳ လက္ေဆာင္မ်ား အသီးသီး ေပးအပ္ၾကသည္။ ယင္းေနာက္ တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ရွမ္းတုိင္းရင္းသားမ်ား၏ ႐ိုးရာအက အလွမ်ားျဖင့္ ကျပေဖ်ာ္ေျဖမႈမ်ားကို ၾကည့္႐ႈ အားေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တောင်ငူမြို့နယ် ဆိတ်ဖူးတောင် ကျေးရွာ၌ (၂၇)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူး ပွဲတော်နှင့်ကောက်သစ်စား ပွဲတော်ပြုလုပ် 

နေပြည်တော် ဒီဇင်ဘာ ၁ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာ၌ (၂၇)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူး ပွဲတော်နှင့် ကောက်သစ်စား ပွဲတော်ကို နိုဝင်ဘာ ၃၀ ရက် ညနေပိုင်း တွင်ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံ ရှမ်းတိုင်းရင်း သားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော်ကို ဖွင့်လှစ်ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်သစ်ကူးဂုဏ်ပြု လက်ဆောင်များ အသီးသီး ပေးအပ်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှမ်းတိုင်းရင်းသားများ၏ ရိုးရာအက အလှများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News