မုိးရာသီ စခန္းခ် ေလ့က်င့္ေရး သင္တန္း တက္ေရာက္ေနသည္႕ ၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္ တကၠသိုလ္ေလ့က်င့္ေရး တပ္ဖြဲ႔ဝင္မ်ား၏ စကားသံမ်ား 

ေနျပည္ေတာ္ ေအာက္တုိဘာ ၁ 

၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္ တကၠသိုလ္ေလ့က်င့္ေရးတပ္မွ တပ္ဖြဲ႕ဝင္ ဆရာ၊ ဆရာမ၊ ေက်ာင္းသား၊ေက်ာင္းသူမ်ား၏ မုိးရာသီစခန္းခ် ေလ့က်င့္ေရး သင္တန္းမ်ားကို ရန္ကုန္တုိင္းေဒသႀကီး တုိက္ႀကီးၿမိဳ႕နယ္၊ မႏၲေလးတုိင္း ေဒသႀကီး ရမည္းသင္းၿမိဳ႕နယ္၊ မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္(ေတာင္ပုိင္း) ပင္ေလာင္းၿမိဳ႕နယ္ႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဥတၱရသီရိၿမိဳ႕နယ္တုိ႔ရွိ နယ္ေျမခံေလ့က်င့္ေရး သင္တန္းေက်ာင္းမ်ား၌ ေအာက္တိုဘာ ၁ ရက္မွ ၃ဝ ရက္အထိ ဖြင့္လွစ္ သင္ၾကားေပးလ်က္ရွိသည္။ 

အဆုိပါသင္တန္း တက္ေရာက္ေနၾကသည့္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ ဥတၱရသီရိၿမိဳ႕နယ္ႏွင့္ မႏၲေလးတုိင္း ေဒသႀကီး ရမည္းသင္းၿမိဳ႕နယ္တို႔ရွိ တပ္ဖြဲ႕ဝင္ ဆရာမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ရင္တြင္း စကားသံမ်ားအား ေဖာ္ျပလုိက္ ရပါသည္- 

ေဒါက္တာဟန္ဝင္းစိုး၊ ကထိက (ေမြးျမဴေရးဆိုင္ရာ ေဆးတကၠသိုလ္(ေရဆင္း) 

ကြၽန္ေတာ့္အေနနဲ႔ တပ္မေတာ္ရဲ႕ ဂုဏ္ထူးေဆာင္ ျပန္တမ္းဝင္အရာရွိ သင္တန္းကို ၾသဂုတ္ ၆ ရက္ကေန ၃၁ ရက္အထိ သင္ တန္းတက္ခဲ့ရပါတယ္။ ကြၽန္ေတာ္ ဒီသင္တန္းကို မတက္ေရာက္ခင္မွာ ဗိုလ္ေလာင္းတစ္ဦးလုိ သက္ဆုိင္ရာ အရည္အခ်င္းစစ္ စာေမးပြဲေတြကုိ တပ္မေတာ္ရဲ႕ နည္းစနစ္အတုိင္းပဲ အရင္လုပ္ေဆာင္ရပါတယ္။ ၿပီးေတာ့မွ ဂုဏ္ထူးေဆာင္ ျပန္တမ္းဝင္အရာရွိ သင္တန္းကို တက္ေရာက္ခြင့္ရပါတယ္။ တက္ေရာက္ရတဲ့ အခ်ိန္မွာလည္း တပ္မေတာ္ရဲ႕ ရည္ရြယ္ခ်က္ေတြ၊ ရပ္တည္ခ်က္ေတြကို နားလည္သိရွိေအာင္ ေသခ်ာသင္ၾကားခဲ့ရပါတယ္။ေက်ာင္းသား၊ ေက်ာင္းသူေတြ အေနနဲ႔လည္း အခုဖြင့္လွစ္ သင္ၾကားေပးတဲ့ မိုးရာသီစခန္းခ် အေျခခံစစ္ပညာ(ပထမႏွစ္) သင္တန္းကို ဝင္ေရာက္ သင္ၾကားၾကတဲ့အတြက္ သူတို႔ေတြအေနနဲ႔လည္း သင္တန္းတက္ၿပီးရင္ အရင္လိုမဟုတ္ေတာ့ဘဲ စည္းကမ္းတက်နဲ႔ ေနထိုင္တတ္သြားၾကပါတယ္။ 

ေခါင္းေဆာင္မႈ အပိုင္းေတြနဲ႔ စီမံခန္႔ခြဲမႈ အပိုင္းေတြကိုလည္း ေသခ်ာစြာ လုပ္ေဆာင္ႏိုင္လာၾကပါတယ္။ အဖြဲ႕အစည္း ဒါမွမဟုတ္ အမ်ားနဲ႔လည္း ေပါင္းစည္း လုပ္ေဆာင္တတ္တဲ့ အေလ့အက်င့္ေတြ ရလာမယ္။ ဒါေၾကာင့္ အေျခအေနအခ်ိန္အခါ ေပးတဲ့အခ်ိန္ တစ္နည္းအားျဖင့္ တကၠသိုလ္ ေက်ာင္းသားဘဝမွာသာ တက္ခြင့္ရတဲ့ သင္တန္းျဖစ္တဲ့အတြက္ ကိုယ့္ဘဝအတြက္ တက္သင့္တက္ထိုက္တဲ့ သင္တန္းျဖစ္တဲ့အတြက္ အားလံုးကို တက္ေစခ်င္ပါတယ္။ 

ေမာင္မင္းခန္႔၊ ဒုတိယႏွစ္ (သစ္ေတာႏွင့္ ပတ္ဝန္းက်င္ဆိုင္ရာ တကၠသိုလ္(ေရဆင္း) 

ဒီသင္တန္းဖြင့္လွစ္မယ့္ အေၾကာင္းကို တပ္မေတာ္က တာဝန္ရွိသူေတြက ေက်ာင္းကို လာေျပာပါတယ္။ ေက်ာင္းကေနတစ္ဆင့္ ဆရာ၊ ဆရာမေတြက ေျပာျပလို႔သိရၿပီး ကြၽန္ေတာ္လည္း တက္ခ်င္ေနတဲ့အတြက္ေၾကာင့္ တက္ေရာက္ျဖစ္တာပါ။ ကြၽန္ေတာ္ အခုဒီသင္တန္း တက္ေရာက္လိုက္တဲ့အတြက္ စည္းကမ္းေကာင္းတာ သိသာလာပါတယ္။ ကိုယ္ခႏၶာႀကံ့ခိုင္မႈအပိုင္းလည္း ေကာင္းမြန္လာတယ္။ ထမင္းစားတာကအစ စနစ္တက်နဲ႔ စည္းကမ္းရွိစြာ စားေသာက္တတ္လာတယ္။ ကြၽန္ေတာ္တို႔ အခုလာတက္ျဖစ္တာက ေက်ာင္းသံုးေက်ာင္းေပါင္းၿပီး လာတက္တာျဖစ္ပါတယ္။ 

အခုလို ေက်ာင္းသံုးေက်ာင္း ကြဲေနတယ္လို႔ မေတြးေတာ့ဘဲ အမိန္႔တစ္ခုေအာက္မွာ အတူတူလုိက္ပါ လုပ္ေဆာင္ၾကတဲ့ ရဲေဘာ္ရဲဘက္ေတြလို႔ စိတ္ထဲမွာခံစားၿပီး အားလံုးဟာ ေႏြးေႏြးေထြးေထြးနဲ႔ အခ်င္းခ်င္း ဆက္ဆံၾကပါတယ္။ အကုန္လံုး စည္းစည္းလံုးလံုး ရွိၾကပါတယ္။ အခုလို Camp ေရာက္လာတဲ့ အခ်ိန္မွာေတာ့ အရာအားလံုးကို စည္းကမ္းရွိစြာနဲ႔ စနစ္တက်လိုက္ပါ လုပ္ေဆာင္ရပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔က အစပိုင္းမွာေတာ့ အခက္အခဲေတြ၊ အဆင္မေျပမႈေတြ ရွိပါတယ္။ ေနာက္တစ္ခု သိလာရတာကေတာ့ ႏိုင္ငံကို ကာကြယ္ေပးေနတဲ့ စစ္သား တစ္ေယာက္ရဲ႕ဘဝကို အားလံုးမသိေတာင္မွ ဆယ္ပံုတစ္ပံုေလာက္ေတာ့ နားလည္လာရပါတယ္။ စစ္သားတစ္ေယာက္လို လိုက္ၿပီး စားေသာက္ၾကည့္တဲ့အခါ ကြၽန္ေတာ္တို႔ အသားမက်ေသးတဲ့ အတြက္ တကယ္မလြယ္လွပါဘူး။ ကြၽန္ေတာ္တို႔ အျပင္မွာသိခဲ့ရသလို၊ ၾကားခဲ့ရသလို မဟုတ္ေတာ့ဘဲ စစ္သားေတြကို ကိုယ္ခ်င္းစာမိပါတယ္။ 

မေရႊအိေသာ္၊ စတုတၳႏွစ္ (စိုက္ပ်ဳိးေရးတကၠသိုလ္(ေရဆင္း) 

ကြၽန္မဒီသင္တန္းကို တက္ေရာက္ျဖစ္တာက ေက်ာင္းက အခုမိုးရာသီစခန္းခ် အေျခခံစစ္ပညာ သင္တန္းကို တက္ေရာက္ခ်င္တဲ့သူေတြကို စာရင္းလာေကာက္ပါတယ္။ ကြၽန္မကလည္း အရင္ကတည္းက ဒီသင္တန္းမ်ဳိးကို စိတ္ဝင္စားခဲ့တယ္။ ဒီသင္တန္းကိုတက္ရင္ အေတြ႕အႀကံဳေကာင္း တစ္ခုရမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ဒါေၾကာင့္ တက္ခ်င္တဲ့သူငယ္ခ်င္းေတြနဲ႔အတူ စာရင္းေပးခဲ့ပါတယ္။ ဒီသင္တန္းကို တက္ေရာက္ျဖစ္ရင္လည္း မိမိရဲ႕ တစ္ေန႔တာ လုပ္ေဆာင္မႈကအစ အခ်ိန္ကို စနစ္တက် စီမံခန္႔ခြဲႏိုင္မယ္။ အမ်ားနဲ႔စုေပါင္းၿပီး လုပ္ေဆာင္ႏိုင္မယ္။ ေနာက္ၿပီး တျခားေသာ အေတြ႔အႀကံဳေကာင္းေတြကို ရမယ္လို႔ ေမွ်ာ္လင့္ၿပီး ဒီသင္တန္းကို တက္ေရာက္ျဖစ္တာပါ။ 

အခုတကယ္ႀကံဳေတြ႕ရတဲ့ အခ်ိန္မွာေတာ့ တပ္မေတာ္သားေတြဟာ ေသေသခ်ာခ်ာ ဂ႐ုစိုက္ၿပီး သင္ျပေပးတယ္။ လိုအပ္တာေတြရွိရင္လည္း ျဖည့္ဆည္းေပးတယ္။ သူတို႔ေတြဟာ ကိုယ့္ရဲ႕ သားသမီးေတြလိုပဲ ကြၽန္မတို႔ကို အေသးစိတ္ ေျပာဆိုဆံုးမ ေပးၾကတယ္။ ဒီသင္တန္းၿပီးသြားတဲ့အခ်ိန္မွာ မိမိရဲ႕တစ္ေန႔တာ အခ်ိန္ကို စီမံခန္႔ခြဲတတ္လာမယ္။ မိမိလုပ္ရမယ့္ အလုပ္ေတြကိုလည္း အစီအစဥ္တက် Plan ဆြဲတတ္လာမယ္။ ခႏၶာကိုယ္ႀကံ့ခိုင္မႈ အပိုင္းမွာလည္း ပိုမိုက်စ္လ်စ္လာၿပီး ကိုယ့္ကိုယ္ကုိယ္ ယံုၾကည္မႈပိုရွိလာမယ္လို႔ ယံုၾကည္ထားပါတယ္။ 

(Unicode Version) 

မိုးရာသီ စခန်းချ လေ့ကျင့်ရေး သင်တန်း တက်ရောက်နေသည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ၏ စကားသံများ 

နေပြည်တော် အောက်တိုဘာ ၁ 

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ကျောင်းသူများ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ်၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တို့ရှိ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်းများ၌ အောက်တိုဘာ ၁ ရက်မှ ၃ဝ ရက်အထိ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ 

အဆိုပါသင်တန်း တက်ရောက်နေကြသည့် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ်တို့ရှိ တပ်ဖွဲ့ဝင် ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်း စကားသံများအား ဖော်ပြလိုက် ရပါသည်- 

ဒေါက်တာဟန်ဝင်းစိုး၊ ကထိက (မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း) 

ကျွန်တော့်အနေနဲ့ တပ်မတော်ရဲ့ ဂုဏ်ထူးဆောင် ပြန်တမ်းဝင်အရာရှိ သင်တန်းကို သြဂုတ် ၆ ရက်ကနေ ၃၁ ရက်အထိ သင် တန်းတက်ခဲ့ရပါတယ်။ ကျွန်တော် ဒီသင်တန်းကို မတက်ရောက်ခင်မှာ ဗိုလ်လောင်းတစ်ဦးလို သက်ဆိုင်ရာ အရည်အချင်းစစ် စာမေးပွဲတွေကို တပ်မတော်ရဲ့ နည်းစနစ်အတိုင်းပဲ အရင်လုပ်ဆောင်ရပါတယ်။ ပြီးတော့မှ ဂုဏ်ထူးဆောင် ပြန်တမ်းဝင်အရာရှိ သင်တန်းကို တက်ရောက်ခွင့်ရပါတယ်။ တက်ရောက်ရတဲ့ အချိန်မှာလည်း တပ်မတော်ရဲ့ ရည်ရွယ်ချက်တွေ၊ ရပ်တည်ချက်တွေကို နားလည်သိရှိအောင် သေချာသင်ကြားခဲ့ရပါတယ်။ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့လည်း အခုဖွင့်လှစ် သင်ကြားပေးတဲ့ မိုးရာသီစခန်းချ အခြေခံစစ်ပညာ(ပထမနှစ်) သင်တန်းကို ဝင်ရောက် သင်ကြားကြတဲ့အတွက် သူတို့တွေအနေနဲ့လည်း သင်တန်းတက်ပြီးရင် အရင်လိုမဟုတ်တော့ဘဲ စည်းကမ်းတကျနဲ့ နေထိုင်တတ်သွားကြပါတယ်။ 

ခေါင်းဆောင်မှု အပိုင်းတွေနဲ့ စီမံခန့်ခွဲမှု အပိုင်းတွေကိုလည်း သေချာစွာ လုပ်ဆောင်နိုင်လာကြပါတယ်။ အဖွဲ့အစည်း ဒါမှမဟုတ် အများနဲ့လည်း ပေါင်းစည်း လုပ်ဆောင်တတ်တဲ့ အလေ့အကျင့်တွေ ရလာမယ်။ ဒါကြောင့် အခြေအနေအချိန်အခါ ပေးတဲ့အချိန် တစ်နည်းအားဖြင့် တက္ကသိုလ် ကျောင်းသားဘဝမှာသာ တက်ခွင့်ရတဲ့ သင်တန်းဖြစ်တဲ့အတွက် ကိုယ့်ဘဝအတွက် တက်သင့်တက်ထိုက်တဲ့ သင်တန်းဖြစ်တဲ့အတွက် အားလုံးကို တက်စေချင်ပါတယ်။ 

မောင်မင်းခန့်၊ ဒုတိယနှစ် (သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်(ရေဆင်း) 

ဒီသင်တန်းဖွင့်လှစ်မယ့် အကြောင်းကို တပ်မတော်က တာဝန်ရှိသူတွေက ကျောင်းကို လာပြောပါတယ်။ ကျောင်းကနေတစ်ဆင့် ဆရာ၊ ဆရာမတွေက ပြောပြလို့သိရပြီး ကျွန်တော်လည်း တက်ချင်နေတဲ့အတွက်ကြောင့် တက်ရောက်ဖြစ်တာပါ။ ကျွန်တော် အခုဒီသင်တန်း တက်ရောက်လိုက်တဲ့အတွက် စည်းကမ်းကောင်းတာ သိသာလာပါတယ်။ ကိုယ်ခန္ဓာကြံ့ခိုင်မှုအပိုင်းလည်း ကောင်းမွန်လာတယ်။ ထမင်းစားတာကအစ စနစ်တကျနဲ့ စည်းကမ်းရှိစွာ စားသောက်တတ်လာတယ်။ ကျွန်တော်တို့ အခုလာတက်ဖြစ်တာက ကျောင်းသုံးကျောင်းပေါင်းပြီး လာတက်တာဖြစ်ပါတယ်။ 

အခုလို ကျောင်းသုံးကျောင်း ကွဲနေတယ်လို့ မတွေးတော့ဘဲ အမိန့်တစ်ခုအောက်မှာ အတူတူလိုက်ပါ လုပ်ဆောင်ကြတဲ့ ရဲဘော်ရဲဘက်တွေလို့ စိတ်ထဲမှာခံစားပြီး အားလုံးဟာ နွေးနွေးထွေးထွေးနဲ့ အချင်းချင်း ဆက်ဆံကြပါတယ်။ အကုန်လုံး စည်းစည်းလုံးလုံး ရှိကြပါတယ်။ အခုလို Camp ရောက်လာတဲ့ အချိန်မှာတော့ အရာအားလုံးကို စည်းကမ်းရှိစွာနဲ့ စနစ်တကျလိုက်ပါ လုပ်ဆောင်ရပါတယ်။ ကျွန်တော်တို့အနေနဲ့က အစပိုင်းမှာတော့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ ရှိပါတယ်။ နောက်တစ်ခု သိလာရတာကတော့ နိုင်ငံကို ကာကွယ်ပေးနေတဲ့ စစ်သား တစ်ယောက်ရဲ့ဘဝကို အားလုံးမသိတောင်မှ ဆယ်ပုံတစ်ပုံလောက်တော့ နားလည်လာရပါတယ်။ စစ်သားတစ်ယောက်လို လိုက်ပြီး စားသောက်ကြည့်တဲ့အခါ ကျွန်တော်တို့ အသားမကျသေးတဲ့ အတွက် တကယ်မလွယ်လှပါဘူး။ ကျွန်တော်တို့ အပြင်မှာသိခဲ့ရသလို၊ ကြားခဲ့ရသလို မဟုတ်တော့ဘဲ စစ်သားတွေကို ကိုယ်ချင်းစာမိပါတယ်။ 

မရွှေအိသော်၊ စတုတ္ထနှစ် (စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း) 

ကျွန်မဒီသင်တန်းကို တက်ရောက်ဖြစ်တာက ကျောင်းက အခုမိုးရာသီစခန်းချ အခြေခံစစ်ပညာ သင်တန်းကို တက်ရောက်ချင်တဲ့သူတွေကို စာရင်းလာကောက်ပါတယ်။ ကျွန်မကလည်း အရင်ကတည်းက ဒီသင်တန်းမျိုးကို စိတ်ဝင်စားခဲ့တယ်။ ဒီသင်တန်းကိုတက်ရင် အတွေ့အကြုံကောင်း တစ်ခုရမယ်လို့ မျှော်လင့်မိပါတယ်။ ဒါကြောင့် တက်ချင်တဲ့သူငယ်ချင်းတွေနဲ့အတူ စာရင်းပေးခဲ့ပါတယ်။ ဒီသင်တန်းကို တက်ရောက်ဖြစ်ရင်လည်း မိမိရဲ့ တစ်နေ့တာ လုပ်ဆောင်မှုကအစ အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ်။ အများနဲ့စုပေါင်းပြီး လုပ်ဆောင်နိုင်မယ်။ နောက်ပြီး တခြားသော အတွေ့အကြုံကောင်းတွေကို ရမယ်လို့ မျှော်လင့်ပြီး ဒီသင်တန်းကို တက်ရောက်ဖြစ်တာပါ။ 

အခုတကယ်ကြုံတွေ့ရတဲ့ အချိန်မှာတော့ တပ်မတော်သားတွေဟာ သေသေချာချာ ဂရုစိုက်ပြီး သင်ပြပေးတယ်။ လိုအပ်တာတွေရှိရင်လည်း ဖြည့်ဆည်းပေးတယ်။ သူတို့တွေဟာ ကိုယ့်ရဲ့ သားသမီးတွေလိုပဲ ကျွန်မတို့ကို အသေးစိတ် ပြောဆိုဆုံးမ ပေးကြတယ်။ ဒီသင်တန်းပြီးသွားတဲ့အချိန်မှာ မိမိရဲ့တစ်နေ့တာ အချိန်ကို စီမံခန့်ခွဲတတ်လာမယ်။ မိမိလုပ်ရမယ့် အလုပ်တွေကိုလည်း အစီအစဉ်တကျ Plan ဆွဲတတ်လာမယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု အပိုင်းမှာလည်း ပိုမိုကျစ်လျစ်လာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာမယ်လို့ ယုံကြည်ထားပါတယ်။

Recent News