တနသၤာရီတိုင္းေဒသႀကီး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင္႕ၾကည္႕ေရး ေကာ္မတီ JMC ဆိုင္ရာ သင္တန္းဖြင္႕လွစ္ 

တနသၤာရီတိုင္းေဒသႀကီး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင္႕ၾကည္႕ေရး ေကာ္မတီ JMC ဆိုင္ရာ သင္တန္းဖြင္႕လွစ္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၁ 

 

တနသၤာရီတိုင္းေဒသႀကီး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ JMC ဆိုင္ရာ သင္တန္းဖြင့္ပြဲကုိ ယေန႔နံနက္ပိုင္းတြင္ ပုေလာၿမိဳ႕ရွိ ၿမိဳ႕နယ္ခန္းမ၌ ျပဳလုပ္ရာ တနသၤာရီတုိင္း ေဒသႀကီး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC-S) ဥကၠ႒ ကမ္း႐ုိးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္ေသာင္းထုိက္ေရႊႏွင့္ အဖြဲ႕၀င္မ်ား၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ားႏွင့္ ေက်းရြာအဆင့္ အုပ္ခ်ဳပ္ေရးမွဴးမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ ေကာ္မတီဥကၠ႒ တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားသည္။ ထို႔ေနာက္ ေကာ္မတီ၀င္မ်ားက ေကာ္မတီ၏ လုပ္ငန္းတာ၀န္မ်ားႏွင့္ ေဆာင္ရြက္သြားမည့္ အစီအမံမ်ားကုိ ေဆြးေႏြးၾကရာ တိုင္းမွဴးက လုိအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။       

 

(Unicode Version)

 

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ဆိုင်ရာ သင်တန်းဖွင့်လှစ် 

နေပြည်တော် ဒီဇင်ဘာ ၁ 

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုလောမြို့ရှိ မြို့နယ်ခန်းမ၌ ပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဥက္ကဋ္ဌ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ 

ဦးစွာ ကော်မတီဥက္ကဋ္ဌ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကော်မတီဝင်များက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးကြရာ တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။       

Recent News