ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၌ ဥပၸါတသႏၲိသုတ္ ႐ြတ္ဆိုၿပိဳင္ပြဲဖြင့္ပြဲျပဳလုပ္

ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၌ ဥပၸါတသႏၲိသုတ္ ႐ြတ္ဆိုၿပိဳင္ပြဲဖြင့္ပြဲျပဳလုပ္

ေနျပည္ေတာ္   ဒီဇင္ဘာ   ၂ 

ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၏ ဥပၸါတသႏၲိသုတ္ ႐ြတ္ဆိုၿပိဳင္ပြဲဖြင့္ပြဲကို ယေန႔နံနက္ပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္ရွိ ေဇယ်သုခဓမၼာ႐ုံ၌ ျပဳလုပ္ရာ ျမစ္ႀကီးနားၿမိဳ႕၊ ဓမၼရကၡိတဝန္းသိုေက်ာင္းတိုက္ဆရာေတာ္ အဘိဓဇအဂၢမဟာပ႑ိတ အဂၢမဟာဂႏၳဝါစကဘဒၵႏၲေကတုမာလာ အမႉးျပဳေသာ သံဃာေတာ္မ်ားႂကြေရာက္ေတာ္မူၾကၿပီး တိုင္းမႉး ဗိုလ္ခ်ဳပ္ေတဇေက်ာ္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ဒိုင္အဖြဲ႕ဝင္မ်ား၊ ၿပိဳင္ပြဲဝင္ ဝတ္႐ြတ္အသင္းမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ တိုင္းမႉးႏွင့္ တက္ေရာက္လာၾကသူမ်ားက ဓမၼရကၡိတဝန္းသိုေက်ာင္းတိုက္  ဆရာေတာ္ထံမွ ငါးပါးသီလခံယူ ေဆာက္တည္၍   သံဃာေတာ္မ်ားအား လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းၾကသည္။ 

ထို႔ေနာက္ လႉဒါန္းမႈ အစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေဝကာ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းသည္။ ယင္းေနာက္ ၿပိဳင္ပြဲဝင္ဝတ္ အသင္းမ်ားက ၿပိဳင္ပြဲပထမေန႔  ဥပၸါတသႏၲိသုတ္ကို ႐ြတ္ဖတ္ပူေဇာ္ ယွဥ္ၿပိဳင္ၾကသည္။ 

အဆိုပါ ဥပၸါတသႏၲိသုတ္ ႐ြတ္ဆိုၿပိဳင္ပြဲကို ၿပိဳင္ပြဲဝင္အသင္း ၁၇ သင္းျဖင့္ ဒီဇင္ဘာ ၆ ရက္အထိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ဥပ္ပါတသန္တိသုတ် ရွတ်ဆိုပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်   ဒီဇင်ဘာ   ၂ 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဥပ္ပါတသန္တိသုတ် ရွတ်ဆိုပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ဇေယျသုခဓမ္မာရုံ၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်  ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်၍   သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ 

ထို့နောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ပြိုင်ပွဲဝင်ဝတ် အသင်းများက ပြိုင်ပွဲပထမနေ့  ဥပ္ပါတသန္တိသုတ်ကို ရွတ်ဖတ်ပူဇော် ယှဉ်ပြိုင်ကြသည်။ 

အဆိုပါ ဥပ္ပါတသန္တိသုတ် ရွတ်ဆိုပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် ဒီဇင်ဘာ ၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News