မုိးရာသီ စခန္းခ် ေလ့က်င့္ေရး သင္တန္း တက္ေရာက္ေနသည္႕ ၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္ တကၠသိုလ္ေလ့က်င့္ေရး တပ္ဖြဲ႔ဝင္မ်ား၏ စကားသံမ်ား 

ေနျပည္ေတာ္ ေအာက္တုိဘာ ၁ 

၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္ တကၠသိုလ္ေလ့က်င့္ေရးတပ္မွ တပ္ဖြဲ႕ဝင္ ဆရာ၊ ဆရာမ၊ ေက်ာင္းသား၊ေက်ာင္းသူမ်ား၏ မုိးရာသီစခန္းခ် ေလ့က်င့္ေရး သင္တန္းမ်ားကို ရန္ကုန္တုိင္းေဒသႀကီး တုိက္ႀကီးၿမိဳ႕နယ္၊ မႏၲေလးတုိင္း ေဒသႀကီး ရမည္းသင္းၿမိဳ႕နယ္၊ မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္(ေတာင္ပုိင္း) ပင္ေလာင္းၿမိဳ႕နယ္ႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဥတၱရသီရိၿမိဳ႕နယ္တုိ႔ရွိ နယ္ေျမခံေလ့က်င့္ေရး သင္တန္းေက်ာင္းမ်ား၌ ေအာက္တိုဘာ ၁ ရက္မွ ၃ဝ ရက္အထိ ဖြင့္လွစ္ သင္ၾကားေပးလ်က္ရွိသည္။ 

အဆုိပါသင္တန္း တက္ေရာက္ေနၾကသည့္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ ဥတၱရသီရိၿမိဳ႕နယ္ႏွင့္ မႏၲေလးတုိင္း ေဒသႀကီး ရမည္းသင္းၿမိဳ႕နယ္တို႔ရွိ တပ္ဖြဲ႕ဝင္ ဆရာမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ရင္တြင္း စကားသံမ်ားအား ေဖာ္ျပလုိက္ ရပါသည္- 

 

မႏွင္းေဝလြင္၊ စတုတၳႏွစ္ (ေမြးျမဴေရးဆိုင္ရာ ေဆးတကၠသိုလ္(ေရဆင္း)) 

 

ကြၽန္မဒီသင္တန္းကို တက္ေရာက္ျဖစ္တာက လူမႈကြန္ရက္ စာမ်က္ေတြမွာ UTC-1 မွာ တက္ေရာက္ေနၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ ပံုေတြျမင္ရတယ္။ သူတို႔ရဲ႕ ေလ့က်င့္မႈပံုေတြ၊ ေနထိုင္စားေသာက္မႈပံု ေတြကိုျမင္ကတည္းက တက္ခ်င္ေနတာပါ။ အဲဒီအခ်ိန္မွာ ကြၽန္မတို႔ေက်ာင္းတက္တဲ့ ေနျပည္ေတာ္မွာ UTC မရွိေသးဘူး။ 

 

 ဒီသင္တန္းဖြင့္မယ္လို႔ ေက်ာင္းမွာ သိရကတည္းက ျမန္ျမန္ဖြင့္ေစခ်င္တာပါ။ အခုေခၚတာနဲ႔ တစ္ခါတည္းစာရင္းေပးၿပီး တက္ေရာက္ခဲ့တာပါ။ ကြၽန္မဒီသင္တန္းကို တက္ေရာက္ခဲ့တဲ့ အတြက္ေၾကာင့္ အခ်ိန္ကို အက်ဳိးရွိစြာ အသံုးခ်တတ္လာမယ္။ လူအမ်ားနဲ႔ ေနထိုင္ရတဲ့ အတြက္ေၾကာင့္ ေပါင္းသင္းဆက္ဆံေရး ေကာင္းလာမယ္။ အဖြဲ႕အစည္းနဲ႔ လိုက္ပါလုပ္ေဆာင္ တတ္လာမယ္။ ခႏၶာကိုယ္လည္း က်န္းမာႀကံ့ခိုင္ သန္စြမ္းလာမယ္။ ကိုယ့္ကိုယ္ကိုယ္လည္း ကာကြယ္တတ္လာမယ္။ အခုသင္ၾကားေပးေနတဲ့ စစ္ပညာဟာ လိုအပ္လာရင္ အနည္းဆံုးေတာ့ ကိုယ္နဲ႔ကိုယ့္မိသားစု၊ ကိုယ့္ပတ္ဝန္းက်င္ကို ကာကြယ္ေပးႏိုင္တဲ့ ပညာရပ္ျဖစ္လို႔ တက္ေရာက္သင့္ပါတယ္။  

 

ဦးထင္လင္းလိႈင္၊ ကထိက (ျမန္မာစာဌာန၊ ရတနာပုံတကၠသုိလ္)

 

ေက်ာင္းသားဘဝကတည္းက ဒီသင္တန္းကုိ တက္ေရာက္ခ်င္တာပါ။ ကြၽန္ေတာ့္ အျမင္ကေတာ့ ဒီသင္တန္း တက္ေရာက္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ အေနနဲ႔ကေတာ့ စြမ္းေဆာင္ရည္ေတြ ျမင့္တက္လာေစပါတယ္။ ဒါကုိယ္တုိင္ လုပ္ေဆာင္ရည္ေတြ၊ ခုိင္မာတဲ့ ဆုံးျဖတ္ခ်က္ေတြ၊ အဖြဲ႕အစည္းနဲ႔ ပူးေပါင္း ေဆာင္ရြက္ရတဲ့ အေတြ႕အႀကံဳေတြ၊ ႏိုင္ငံေတာ္မွာ အဓိကက်တဲ့ ျပည္သူ႔စစ္ မဟာဗ်ဳဟာကုိလည္း သေဘာေပါက္ နားလည္လာမွာပါ။ အဓိကကေတာ့ တက္ေရာက္သူ ေတြအေနနဲ႔ ပထမဆုံး အက်ဳိးေက်းဇူး ျဖစ္ေစပါတယ္။ စည္းကမ္းလုိက္နာတတ္လာတယ္။ အခ်ိန္နဲ႔တစ္ေျပးညီ လုပ္ေဆာင္တတ္လာတယ္။ အမ်ားနဲ႔အတူ ေပါင္းသင္းဆက္ဆံ တတ္လာတယ္။ သူ႔တုိ႔ဘဝအတြက္ တန္ဖုိးမျဖတ္ႏိုင္တဲ့ အက်ဳိးအျမတ္ေတြ ျဖစ္လာပါတယ္။ တကၠသုိလ္ ေလ့က်င့္ေရးတပ္ဆုိတာက အရင္ကတည္းကရွိခဲ့ၿပီး လြတ္လပ္ေရး ရရွိေအာင္ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ခဲ့ၾကသူေတြဆုိတာ သမုိင္းသက္ေသေတြလည္း ရွိခဲ့ပါတယ္။ ဒါေၾကာင့္ မိမိကုိယ္တုိင္အေနနဲ႔ တကၠသုိလ္ ေလ့က်င့္ေရးတပ္မွာ ပါဝင္လာျခင္းအားျဖင့္ စိတ္ဓာတ္ေကာင္းမြန္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ၊ စည္းကမ္းရွိတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ၊ ကုိယ္ရည္ကုိယ္ေသြး ျမင့္မားတဲ့ ေက်ာင္းသား၊ေက်ာင္းသူေတြ ျဖစ္ေပၚလာေအာင္ တကၠသုိလ္ေလ့က်င့္ေရး တပ္ေတြမွာ ပါဝင္တက္ေရာက္သင့္တယ္လုိ႔ အႀကံျပဳ ေျပာၾကားခ်င္ပါတယ္။

 

 ေမာင္ေကာင္းထက္ျမတ္ 

 

 ကြၽန္ေတာ္က ေက်ာက္ဆည္တကၠသုိလ္မွာ သမုိင္းဘာသာရပ္ ဒုတိယႏွစ္ကို တက္ေရာက္ ပညာသင္ၾကားေနတာပါ။ အခုလုိ အားလပ္တဲ့အခ်ိန္မွာ ႏိုင္ငံေတာ္ကာကြယ္ ေရး တာဝန္ေတြကုိ ကုိယ္တတ္ႏိုင္တဲ့ဘက္က ပါဝင္လုပ္ေဆာင္ခ်င္တဲ့ အတြက္၊ ဒါ့အျပင္ တပ္မေတာ္သား တစ္ဦးရဲ႕တစ္ေန႔တာ ျဖတ္သန္းရတဲ႔ဘဝကုိ ေလ့လာခ်င္တဲ႔အတြက္ ဒီသင္တန္းကုိ တက္ေရာက္ျဖစ္တာပါ။ ကြၽန္ေတာ္ဝါသနာပါတဲ့ အလုပ္ကုိလည္း တစ္လ တာကာလအတြင္းမွာ တက္ေရာက္ရမွာျဖစ္တဲ့အတြက္ အားရေက်နပ္မိပါတယ္။ အျပင္မွာေငြေၾကးေပးၿပီး တက္ေရာက္ႏိုင္တဲ့ သင္တန္းမဟုတ္တဲ့ အတြက္ အခုလုိ ဖြင့္လွစ္သင္ၾကားေပးတဲ့ တာဝန္ရွိသူ အားလုံးကုိလည္း ေက်းဇူးတင္ပါတယ္။

 

(Unicode Version)

 

 

မိုးရာသီ စခန်းချ လေ့ကျင့်ရေး သင်တန်း တက်ရောက်နေသည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ၏ စကားသံများ 

နေပြည်တော် အောက်တိုဘာ ၁ 

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ကျောင်းသူများ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ်၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တို့ရှိ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်းများ၌ အောက်တိုဘာ ၁ ရက်မှ ၃ဝ ရက်အထိ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ 

အဆိုပါသင်တန်း တက်ရောက်နေကြသည့် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ်တို့ရှိ တပ်ဖွဲ့ဝင် ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်း စကားသံများအား ဖော်ပြလိုက် ရပါသည်- 

မနှင်းဝေလွင်၊ စတုတ္ထနှစ် (မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)) 

ကျွန်မဒီသင်တန်းကို တက်ရောက်ဖြစ်တာက လူမှုကွန်ရက် စာမျက်တွေမှာ UTC-1 မှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပုံတွေမြင်ရတယ်။ သူတို့ရဲ့ လေ့ကျင့်မှုပုံတွေ၊ နေထိုင်စားသောက်မှုပုံ တွေကိုမြင်ကတည်းက တက်ချင်နေတာပါ။ အဲဒီအချိန်မှာ ကျွန်မတို့ကျောင်းတက်တဲ့ နေပြည်တော်မှာ UTC မရှိသေးဘူး။ 

ဒီသင်တန်းဖွင့်မယ်လို့ ကျောင်းမှာ သိရကတည်းက မြန်မြန်ဖွင့်စေချင်တာပါ။ အခုခေါ်တာနဲ့ တစ်ခါတည်းစာရင်းပေးပြီး တက်ရောက်ခဲ့တာပါ။ ကျွန်မဒီသင်တန်းကို တက်ရောက်ခဲ့တဲ့ အတွက်ကြောင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာမယ်။ လူအများနဲ့ နေထိုင်ရတဲ့ အတွက်ကြောင့် ပေါင်းသင်းဆက်ဆံရေး ကောင်းလာမယ်။ အဖွဲ့အစည်းနဲ့ လိုက်ပါလုပ်ဆောင် တတ်လာမယ်။ ခန္ဓာကိုယ်လည်း ကျန်းမာကြံ့ခိုင် သန်စွမ်းလာမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်တတ်လာမယ်။ အခုသင်ကြားပေးနေတဲ့ စစ်ပညာဟာ လိုအပ်လာရင် အနည်းဆုံးတော့ ကိုယ်နဲ့ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကို ကာကွယ်ပေးနိုင်တဲ့ ပညာရပ်ဖြစ်လို့ တက်ရောက်သင့်ပါတယ်။ 

ဦးထင်လင်းလှိုင်၊ ကထိက (မြန်မာစာဌာန၊ ရတနာပုံတက္ကသိုလ်) 

ကျောင်းသားဘဝကတည်းက ဒီသင်တန်းကို တက်ရောက်ချင်တာပါ။ ကျွန်တော့် အမြင်ကတော့ ဒီသင်တန်း တက်ရောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ကတော့ စွမ်းဆောင်ရည်တွေ မြင့်တက်လာစေပါတယ်။ ဒါကိုယ်တိုင် လုပ်ဆောင်ရည်တွေ၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ၊ အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက်ရတဲ့ အတွေ့အကြုံတွေ၊ နိုင်ငံတော်မှာ အဓိကကျတဲ့ ပြည်သူ့စစ် မဟာဗျုဟာကိုလည်း သဘောပေါက် နားလည်လာမှာပါ။ အဓိကကတော့ တက်ရောက်သူ တွေအနေနဲ့ ပထမဆုံး အကျိုးကျေးဇူး ဖြစ်စေပါတယ်။ စည်းကမ်းလိုက်နာတတ်လာတယ်။ အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်တတ်လာတယ်။ အများနဲ့အတူ ပေါင်းသင်းဆက်ဆံ တတ်လာတယ်။ သူ့တို့ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးအမြတ်တွေ ဖြစ်လာပါတယ်။ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဆိုတာက အရင်ကတည်းကရှိခဲ့ပြီး လွတ်လပ်ရေး ရရှိအောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ကြသူတွေဆိုတာ သမိုင်းသက်သေတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်အနေနဲ့ တက္ကသိုလ် လေ့ကျင့်ရေးတပ်မှာ ပါဝင်လာခြင်းအားဖြင့် စိတ်ဓာတ်ကောင်းမွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ စည်းကမ်းရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ ကျောင်းသား၊ကျောင်းသူတွေ ဖြစ်ပေါ်လာအောင် တက္ကသိုလ်လေ့ကျင့်ရေး တပ်တွေမှာ ပါဝင်တက်ရောက်သင့်တယ်လို့ အကြံပြု ပြောကြားချင်ပါတယ်။ 

မောင်ကောင်းထက်မြတ် 

ကျွန်တော်က ကျောက်ဆည်တက္ကသိုလ်မှာ သမိုင်းဘာသာရပ် ဒုတိယနှစ်ကို တက်ရောက် ပညာသင်ကြားနေတာပါ။ အခုလို အားလပ်တဲ့အချိန်မှာ နိုင်ငံတော်ကာကွယ် ရေး တာဝန်တွေကို ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်လုပ်ဆောင်ချင်တဲ့ အတွက်၊ ဒါ့အပြင် တပ်မတော်သား တစ်ဦးရဲ့တစ်နေ့တာ ဖြတ်သန်းရတဲ့ဘဝကို လေ့လာချင်တဲ့အတွက် ဒီသင်တန်းကို တက်ရောက်ဖြစ်တာပါ။ ကျွန်တော်ဝါသနာပါတဲ့ အလုပ်ကိုလည်း တစ်လ တာကာလအတွင်းမှာ တက်ရောက်ရမှာဖြစ်တဲ့အတွက် အားရကျေနပ်မိပါတယ်။ အပြင်မှာငွေကြေးပေးပြီး တက်ရောက်နိုင်တဲ့ သင်တန်းမဟုတ်တဲ့ အတွက် အခုလို ဖွင့်လှစ်သင်ကြားပေးတဲ့ တာဝန်ရှိသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

 

Recent News