ေျမာက္ဦးၿမိဳ႕၊ ခ်င္းပ်ံေတာရပ္ကြက္၌ ဗံုးသီးတစ္လံုးေပါက္ကြဲေဒသခံျပည္သူ သံုးဦးေသဆံုး၊ ေျခာက္ဦး ဒဏ္ရာရရွိ

 

ေျမာက္ဦးၿမိဳ႕၊ ခ်င္းပ်ံေတာရပ္ကြက္၌ ဗုံးသီးတစ္လုံးေပါက္ကြဲေဒသခံျပည္သူ သုံးဦးေသဆုံး၊ ေျခာက္ဦး ဒဏ္ရာရရွိ

ေနျပည္ေတာ္ ဒီဇင္ဘာ ၃

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕၊ ခ်င္းပ်ံ ေတာရပ္ကြက္ရွိ ကားလမ္းမေပၚ၌ ဒီဇင္ ဘာ ၂ ရက္ ညေန ၅ နာရီခန႔္တြင္ ေပါက္ကြဲမႈတစ္ခုျဖစ္ေပၚခဲ့ေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ စစ္ေဆးရာ သုံးဦးေသဆုံးၿပီး ေျခာက္ဦး ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ခ်င္းပ်ံေတာရပ္ကြက္ေန ေမာင္လွေမာင္သိန္း(ဘ)ဦးခ်ဘူးသည္ ညေန ၃ နာရီခြဲခန႔္တြင္ အလယ္ေဈးရပ္ကြက္၊ ေက်ာက္ျပင္ဆပ္ေတာရဘုန္းႀကီးေက်ာင္း အနီး၌ ေတြ႕ရွိခဲ့သည့္ အရွည္ ၁ ေပခန႔္ရွိ ဗုံးသီးေဟာင္းတစ္လုံးအား ယူေဆာင္လာ ၿပီး ၎င္း၏အိမ္အနီးရွိ လမ္းမေပၚ၌ခ်ထား ခဲ့ေၾကာင္း၊ ၎င္း၏အစ္မျဖစ္သူ မဆန္းေအးႏု က အဆိုပါဗုံးသီးေဟာင္းအား ေက်ာက္ခဲ ျဖင့္ ထုႏွက္ခဲ့ရာမွ ေပါက္ကြဲခဲ့ရာ မႏုႏုဝင္း ႏွင့္ ကေလးငယ္ႏွစ္ဦးတို႔ေသဆုံးခဲ့ၿပီး အမ်ိဳး သားတစ္ဦးႏွင့္ အမ်ိဳးသမီးငါးဦးတို႔ ဒဏ္ရာ မ်ားအသီးသီးရရွိခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါဒဏ္ရာရရွိသူမ်ားအား ေျမာက္ဦး ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေဆးကုသမႈခံယူ ေစလ်က္ရွိ ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြောက်ဦးမြို့၊ ချင်းပျံတောရပ်ကွက်၌ ဗုံးသီးတစ်လုံးပေါက်ကွဲဒေသခံပြည်သူ သုံးဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရရှိ

နေပြည်တော် ဒီဇင်ဘာ ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ချင်းပျံ တောရပ်ကွက်ရှိ ကားလမ်းမပေါ်၌ ဒီဇင် ဘာ ၂ ရက် ညနေ ၅ နာရီခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ သုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ချင်းပျံတောရပ်ကွက်နေ မောင်လှမောင်သိန်း(ဘ)ဦးချဘူးသည် ညနေ ၃ နာရီခွဲခန့်တွင် အလယ်ဈေးရပ်ကွက်၊ ကျောက်ပြင်ဆပ်တောရဘုန်းကြီးကျောင်း အနီး၌ တွေ့ရှိခဲ့သည့် အရှည် ၁ ပေခန့်ရှိ ဗုံးသီးဟောင်းတစ်လုံးအား ယူဆောင်လာ ပြီး ၎င်းင်း၏အိမ်အနီးရှိ လမ်းမပေါ်၌ချထား ခဲ့ကြောင်း၊ ၎င်းင်း၏အစ်မဖြစ်သူ မဆန်းအေးနု က အဆိုပါဗုံးသီးဟောင်းအား ကျောက်ခဲ ဖြင့် ထုနှက်ခဲ့ရာမှ ပေါက်ကွဲခဲ့ရာ မနုနုဝင်း နှင့် ကလေးငယ်နှစ်ဦးတို့သေဆုံးခဲ့ပြီး အမျိုး သားတစ်ဦးနှင့် အမျိုးသမီးငါးဦးတို့ ဒဏ်ရာ များအသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဒဏ်ရာရရှိသူများအား မြောက်ဦး ပြည်သူ့ဆေးရုံသို့ပို့ဆောင်ဆေးကုသမှုခံယူ စေလျက်ရှိ ကြောင်း သတင်းရရှိသည်။

Recent News