လားရႈိးၿမိဳ႕နယ္အတြင္း RCSS/SSA အဖြဲ႕ မွ ဆက္ေၾကးေကာက္ခံေနသူတစ္ဦး ဖမ္းဆီးရမိ

 

လားရႈိးၿမိဳ႕နယ္အတြင္း RCSS/SSA အဖြဲ႕ မွ ဆက္ေၾကးေကာက္ခံေနသူတစ္ဦး ဖမ္းဆီးရမိ

ေနျပည္ေတာ္ ဒီဇင္ဘာ ၃

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕နယ္၊ ဟိုပိတ္ေက်း႐ြာေန ဦးေက်ာ္ျမင့္ထံသို႔ ဆက္ေၾကးေငြ ၁၅ သိန္းအား လားရႈိးၿမိဳ႕၊ အမွတ္(၈)ရပ္ကြက္၊ နယ္ေျမ(၁၃)၊ သိန္းနီလမ္းရွိ ယုံေဟာ္ စားေသာက္ဆိုင္ေရွ႕၌ လာေရာက္ေပးေဆာင္ရန္ ဖုန္းျဖင့္ၿခိမ္းေျခာက္ ေတာင္းဆိုေၾကာင္း သတင္း အရ ယေန႔နံနက္ ၉ နာရီခန႔္တြင္ လုံၿခဳံေရးေဆာင္႐ြက္ေနေသာ ပူးေပါင္းအဖြဲ႕က သြားေရာက္စစ္ ေဆးရာ RCSS/SSA အဖြဲ႕မွ ဆက္ေၾကးတာဝန္ခံ သူရေအာင္(ဘ)ဦးစိုးဝင္းအား ဆက္ေၾကး ေကာက္ခံသည့္ စာ႐ြက္စာတမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

အဆိုပါဖမ္းဆီးရမိသူအား လုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လားရှိုးမြို့နယ်အတွင်း RCSS/SSA အဖွဲ့ မှ ဆက်ကြေးကောက်ခံနေသူတစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာနေ ဦးကျော်မြင့်ထံသို့ ဆက်ကြေးငွေ ၁၅ သိန်းအား လားရှိုးမြို့၊ အမှတ်(၈)ရပ်ကွက်၊ နယ်မြေ(၁၃)၊ သိန်းနီလမ်းရှိ ယုံဟော် စားသောက်ဆိုင်ရှေ့၌ လာရောက်ပေးဆောင်ရန် ဖုန်းဖြင့်ခြိမ်းခြောက် တောင်းဆိုကြောင်း သတင်း အရ ယနေ့နံနက် ၉ နာရီခန့်တွင် လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က သွားရောက်စစ် ဆေးရာ RCSS/SSA အဖွဲ့မှ ဆက်ကြေးတာဝန်ခံ သူရအောင်(ဘ)ဦးစိုးဝင်းအား ဆက်ကြေး ကောက်ခံသည့် စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Recent News