မုိးရာသီ စခန္းခ် ေလ့က်င့္ေရး သင္တန္း တက္ေရာက္ေနသည္႕ ၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္ တကၠသိုလ္ေလ့က်င့္ေရး တပ္ဖြဲ႔ဝင္မ်ား၏ စကားသံမ်ား 

ေနျပည္ေတာ္ ေအာက္တုိဘာ ၁ 

၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္ တကၠသိုလ္ေလ့က်င့္ေရးတပ္မွ တပ္ဖြဲ႕ဝင္ ဆရာ၊ ဆရာမ၊ ေက်ာင္းသား၊ေက်ာင္းသူမ်ား၏ မုိးရာသီစခန္းခ် ေလ့က်င့္ေရး သင္တန္းမ်ားကို ရန္ကုန္တုိင္းေဒသႀကီး တုိက္ႀကီးၿမိဳ႕နယ္၊ မႏၲေလးတုိင္း ေဒသႀကီး ရမည္းသင္းၿမိဳ႕နယ္၊ မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္(ေတာင္ပုိင္း) ပင္ေလာင္းၿမိဳ႕နယ္ႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဥတၱရသီရိၿမိဳ႕နယ္တုိ႔ရွိ နယ္ေျမခံေလ့က်င့္ေရး သင္တန္းေက်ာင္းမ်ား၌ ေအာက္တိုဘာ ၁ ရက္မွ ၃ဝ ရက္အထိ ဖြင့္လွစ္ သင္ၾကားေပးလ်က္ရွိသည္။ 

အဆုိပါသင္တန္း တက္ေရာက္ေနၾကသည့္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ ဥတၱရသီရိၿမိဳ႕နယ္ႏွင့္ မႏၲေလးတုိင္း ေဒသႀကီး ရမည္းသင္းၿမိဳ႕နယ္တို႔ရွိ တပ္ဖြဲ႕ဝင္ ဆရာမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ရင္တြင္း စကားသံမ်ားအား ေဖာ္ျပလုိက္ ရပါသည္- 

 

မႏိုင္ၿဖိဳးေဝ 

 

ကြၽန္မက ရတနာပုံတကၠသုိလ္မွာ ဥပေဒပညာရပ္ တတိယႏွစ္ကုိ တက္ေရာက္ပညာ သင္ၾကားေနတဲ့ ေက်ာင္းသူပါ။ အေျခခံသင္တန္းကုိ မႏွစ္က တက္ေရာက္ခဲ့တာပါ။ အဓိက ဒီသင္တန္းကုိ တက္ေရာက္ျဖစ္တာကေတာ့ ဘြဲ႕ရၿပီးရင္ ႏိုင္ငံေတာ္ရဲ႕ကာကြယ္ေရးတာဝန္ေတြကုိ တစ္ေထာင့္တစ္ေနရာကေန ထမ္းေဆာင္ႏိုင္သူျဖစ္ေအာင္ ဆက္လက္ ႀကိဳးစားသြားမွာပါ။ သင္တန္းကုိ စတင္တက္ေရာက္သူ တစ္ဦးအေနနဲ႔ကေတာ့ ခက္ခဲမယ္၊ ပင္ပန္းမယ္၊ အခုဆုိ ကြၽန္မက တန္းျမင့္သင္တန္းကုိ ဆက္လက္တက္ေရာက္ရတာ ျဖစ္တဲ့အတြက္ သြားလာေနထုိင္မႈ ပုံစံကအစ ေျပာင္းလဲသြားပါတယ္။ စစ္သားတစ္ေယာက္လုိမ်ဳိးေတာ့ မလုပ္ႏိုင္ရင္ေတာင္မွ ယူနီေဖာင္း ဝတ္ထားတာျဖစ္တဲ့အတြက္ တပ္မေတာ္သားတစ္ဦးလုိ စိတ္မွာခံယူၿပီး ေလးႏွစ္တာကာလမွာ ပညာသင္ၾကားရင္း သင္တန္းၿပီးဆုံးခ်ိန္ထိဆက္လက္ တက္ေရာက္သြားမွာပါ။  

 

မျပည့္သီရိႏိုင္ 

 

ကြၽန္မကေတာ့ မႏၲလာ ဒီဂရီေကာလိပ္မွာ သတၱေဗဒဘာသာရပ္ ဒုတိယႏွစ္ကို သင္ၾကားေနပါတယ္။ မႏွစ္ကစၿပီး ဒီသင္တန္းကုိ စတင္တက္ေရာက္ခဲ့ပါတယ္။ အခုႏွစ္မွာ တန္းျမင့္သင္တန္းကုိ ဆက္လက္တက္ေရာက္ သင္ၾကားခြင့္ရရွိခဲ့ပါတယ္။ အခုလုိ ေက်ာင္းပိတ္ရက္ အားလပ္တဲ့အခ်ိန္မွာ အခ်ိန္ကုိအက်ဳိးရွိစြာ အသုံးခ်ခ်င္တဲ့သူတိုင္း အတြက္ တက္ေရာက္သင့္ပါတယ္။

 

(Unicode Version)

 

 

မိုးရာသီ စခန်းချ လေ့ကျင့်ရေး သင်တန်း တက်ရောက်နေသည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ၏ စကားသံများ 

နေပြည်တော် အောက်တိုဘာ ၁ 

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ကျောင်းသူများ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ်၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တို့ရှိ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်းများ၌ အောက်တိုဘာ ၁ ရက်မှ ၃ဝ ရက်အထိ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ 

အဆိုပါသင်တန်း တက်ရောက်နေကြသည့် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ်တို့ရှိ တပ်ဖွဲ့ဝင် ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်း စကားသံများအား ဖော်ပြလိုက် ရပါသည်- 

မနိုင်ဖြိုးဝေ 

ကျွန်မက ရတနာပုံတက္ကသိုလ်မှာ ဥပဒေပညာရပ် တတိယနှစ်ကို တက်ရောက်ပညာ သင်ကြားနေတဲ့ ကျောင်းသူပါ။ အခြေခံသင်တန်းကို မနှစ်က တက်ရောက်ခဲ့တာပါ။ အဓိက ဒီသင်တန်းကို တက်ရောက်ဖြစ်တာကတော့ ဘွဲ့ရပြီးရင် နိုင်ငံတော်ရဲ့ကာကွယ်ရေးတာဝန်တွေကို တစ်ထောင့်တစ်နေရာကနေ ထမ်းဆောင်နိုင်သူဖြစ်အောင် ဆက်လက် ကြိုးစားသွားမှာပါ။ သင်တန်းကို စတင်တက်ရောက်သူ တစ်ဦးအနေနဲ့ကတော့ ခက်ခဲမယ်၊ ပင်ပန်းမယ်၊ အခုဆို ကျွန်မက တန်းမြင့်သင်တန်းကို ဆက်လက်တက်ရောက်ရတာ ဖြစ်တဲ့အတွက် သွားလာနေထိုင်မှု ပုံစံကအစ ပြောင်းလဲသွားပါတယ်။ စစ်သားတစ်ယောက်လိုမျိုးတော့ မလုပ်နိုင်ရင်တောင်မှ ယူနီဖောင်း ဝတ်ထားတာဖြစ်တဲ့အတွက် တပ်မတော်သားတစ်ဦးလို စိတ်မှာခံယူပြီး လေးနှစ်တာကာလမှာ ပညာသင်ကြားရင်း သင်တန်းပြီးဆုံးချိန်ထိဆက်လက် တက်ရောက်သွားမှာပါ။ 

မပြည့်သီရိနိုင် 

ကျွန်မကတော့ မန္တလာ ဒီဂရီကောလိပ်မှာ သတ္တဗေဒဘာသာရပ် ဒုတိယနှစ်ကို သင်ကြားနေပါတယ်။ မနှစ်ကစပြီး ဒီသင်တန်းကို စတင်တက်ရောက်ခဲ့ပါတယ်။ အခုနှစ်မှာ တန်းမြင့်သင်တန်းကို ဆက်လက်တက်ရောက် သင်ကြားခွင့်ရရှိခဲ့ပါတယ်။ အခုလို ကျောင်းပိတ်ရက် အားလပ်တဲ့အချိန်မှာ အချိန်ကိုအကျိုးရှိစွာ အသုံးချချင်တဲ့သူတိုင်း အတွက် တက်ရောက်သင့်ပါတယ်။ 

Recent News