
 

နေပြည်တော်  ဒီဇင်ဘာ  ၆

 


(Unicode Version)

တာလေမြို့နယ်၊ ဆွတ်ပန်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဒီဇင်ဘာ  ၆ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့နယ်၊ ဆွတ်ပန်းကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၆ဝ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News