

နေပြည်တော်  ဒီဇင်ဘာ  ၆ 




(Unicode Version)

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  ဒီဇင်ဘာ  ၆ 

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင်   တြိဂံဒေသတိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ   တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့်  အရာရှိ၊  စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။ 

ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကားပြော ကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏  ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အမျိုးသား၊ အမျိုးသမီး ၁၅ သင်း စီဖြင့် ဒီဇင်ဘာ ၁၆ ရက်အထိ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News