အိမ္မဲၿမိဳ႕နယ္၊ နယ္ေျမခံတပ္ရင္းရွိ မိသားစုဝင္မ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

အိမ္မဲၿမိဳ႕နယ္၊ နယ္ေျမခံတပ္ရင္းရွိ မိသားစုဝင္မ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဒီဇင္ဘာ  ၆ 

ဧရာဝတီတုိင္းေဒသႀကီး၊ အိမ္မဲၿမိဳ႕နယ္၊ နယ္ေျမခံတပ္ရင္းရွိ တပ္မေတာ္သားမိသားစုဝင္မ်ားအား ဒီဇင္ဘာ ၄ ရက္ႏွင့္ ၅ ရက္တုိ႔တြင္ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က နယ္ေျမခံတပ္ရင္းခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က မိသားစုဝင္ ၈၁ ဦးကို ခြဲစိတ္ကုသမႈဆုိင္ရာေရာဂါ၊ မ်က္စိေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ကေလးေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍   လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္စစ္ေဆးျခင္းႏွင့္ Ultrasound ႐ိုက္ကူးေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေသြးတုိးေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အိမ်မဲမြို့နယ်၊ နယ်မြေခံတပ်ရင်းရှိ မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဒီဇင်ဘာ  ၆ 

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ နယ်မြေခံတပ်ရင်းရှိ တပ်မတော်သားမိသားစုဝင်များအား ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က နယ်မြေခံတပ်ရင်းခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က မိသားစုဝင် ၈၁ ဦးကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးခြင်းနှင့် Ultrasound ရိုက်ကူးပေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးတိုးရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News