ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ေဆးကုသမႈ ခံယူသူမ်ားကို ၾကည့္႐ႈအားေပး

 

ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ေဆးကုသမႈ ခံယူသူမ်ားကို ၾကည့္႐ႈအားေပး

ေနျပည္ေတာ္  ဒီဇင္ဘာ  ၆ 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ေဆးကုသမႈ ခံယူလ်က္ရွိေသာအရာရွိ၊စစ္သည္၊ မိသားစုမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔ေန႔လယ္ပုိင္းတြင္ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ၍ တစ္ဦးခ်င္း၏ေရာဂါျဖစ္ပြားမႈမ်ား၊  ေဆးကုသေပးထားမႈႏွင့္ က်န္းမာေရးတုိးတက္မႈ အေျခအေနမ်ားကို ရင္းရင္းႏွီးႏွီး ေမးျမန္းအားေပးစကား ေျပာၾကားကာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေဆး႐ံုအတြင္း လွည့္လည္ၾကည့္႐ႈၿပီး လိုအပ္သည္မ်ား ညိႇႏႈိင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူသူများကို ကြည့်ရှုအားပေး

နေပြည်တော်  ဒီဇင်ဘာ  ၆ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသောအရာရှိ၊စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှုများ၊  ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။    

   

 

Recent News