မယ္စဲ့ၿမိဳ႕နယ္၊ နန္းဟူးေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

မယ္စဲ့ၿမိဳ႕နယ္၊ နန္းဟူးေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဒီဇင္ဘာ  ၆ 

ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္၊ နန္းဟူး ေက်းရြာႏွင့္  ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်းရြာရွိ ေက်းလက္က်န္းမာေရးဌာန၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က ေဒသခံတုိင္းရင္းသား ျပည္သူ ၁ဝ၅ ဦးတုိ႔ကို အ႐ိုး/အေၾကာေရာဂါ၊   ခြဲစိတ္ကုသမႈဆုိင္ရာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထို႔ျပင္  ေအးသာယာၿမိဳ႕  စစ္မႈထမ္းေဟာင္းအိမ္ရာမွ စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္ မ်ားႏွင့္မိသားစုမ်ား၊ ဌာနဆုိင္ရာ ဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား တပ္ရင္း/ တပ္ဖဲြ႕မ်ားရွိ တပ္မေတာ္သားမိသားစုဝင္ မ်ား၏ တစ္ပိုင္တစ္ႏုိင္စိုက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ားမွထြက္ရွိေသာ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္မ်ားႏွင့္ တပ္မေတာ္စက္႐ံု မ်ားမွထုတ္လုပ္သည့္ အဝတ္အထည္မ်ား ႏွင့္ လူသံုးကုန္၊ စားေသာက္ကုန္ပစၥည္းမ်ား အား ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

မယ်စဲ့မြို့နယ်၊ နန်းဟူးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဒီဇင်ဘာ  ၆ 

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ နန်းဟူး ကျေးရွာနှင့်  ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ ၁ဝ၅ ဦးတို့ကို အရိုး/အကြောရောဂါ၊   ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင်  အေးသာယာမြို့  စစ်မှုထမ်းဟောင်းအိမ်ရာမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့်မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တပ်ရင်း/ တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင် များ၏ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံ များမှထုတ်လုပ်သည့် အဝတ်အထည်များ နှင့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ အား ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။ 

 

Recent News