ေကာ့ေသာင္းၿမိဳ႕နယ္၊ မလိဝမ္းေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ေကာ့ေသာင္းၿမိဳ႕နယ္၊ မလိဝမ္းေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဒီဇင္ဘာ  ၆ 

တနသၤာရီတုိင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ မလိဝမ္းေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္  ေက်ာင္းသား၊  ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသ တိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က   ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကိုယ္ေရသန္႔ရွင္းေရး စစ္ေဆးေပးၿပီး ဆရာ၊ ဆရာမ ၁၈ ဦးႏွင့္ေက်ာင္းသား၊ ေက်ာင္းသူ ၁၉၉ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ တုပ္ေကြးေရာဂါ၊ အေရျပားေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးျခင္းႏွင့္ သန္႔ေလးသန္႔အေၾကာင္း က်န္းမာေရးအသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဒီဇင်ဘာ  ၆ 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊  ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်ဆေးကုသရေး အဖွဲ့က   ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးပြီး ဆရာ၊ ဆရာမ ၁၈ ဦးနှင့်ကျောင်းသား၊ ကျောင်းသူ ၁၉၉ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ တုပ်ကွေးရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် သန့်လေးသန့်အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News