ရြာငံၿမိဳ႔နယ္၊ ၿမိဳ့ႀကီးေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ရြာငံၿမိဳ႔နယ္၊ ၿမိဳ့ႀကီးေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဒီဇင္ဘာ  ၈

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရြာငံၿမိဳ႕နယ္၊ ၿမိဳ႕ႀကီးေက်းရြာႏွင့္ ပတ္၀န္းက်င္ ေက်းရြာမ်ားမွ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာရွိ အေျခခံပညာ အထက္တန္းေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံတုိင္းရင္းသား ျပည္သူ ၅၁၉ ဦးတုိ႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ ေသြးတုိးေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ ၀မ္းပ်က္ ၀မ္းေလွ်ာေရာဂါ၊ ဖ်ားနာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး ရြာငံၿမိဳ႕၊ အနႏ္ၲဇိနသမၺဳေဒၶေစတီေတာ္ျမတ္ႀကီး တည္ေဆာက္ေနမႈအား လွည့္လည္ၾကည့္႐ႈ၍ ဆရာေတာ္ ဘဒၵႏၱပညာလကၤာရအား ဖူးေျမာ္ကာ သကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ အလွဴေတာ္ေငြမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဒီဇင်ဘာ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ ၅၁၉ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ရွာငံမြို့၊ အနန်္တဇိနသမ္ဗုဒ္ဓေစေတီတော်မြတ်ကြီး တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှု၍ ဆရာတော် ဘဒ္ဒန္တပညာလင်္ကာရအား ဖူးမြော်ကာ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Recent News