အရာေတာ္ၿမိဳ့နယ္၊ ေညာင္ထူးေလးေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

အရာေတာ္ၿမိဳ့နယ္၊ ေညာင္ထူးေလးေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္   ဒီဇင္ဘာ   ၈

စစ္ကုိင္းတုိင္းေဒသႀကီး၊ အရာေတာ္ၿမိဳ႕နယ္၊ ေညာင္ထူးေလးေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားကို ဒီဇင္ဘာ ၇ ရက္ နံနက္ပုိင္းတြင္ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါေက်းရြာရွိ သိဒိ္ၵေအာင္ပညာ ေဇာတာရာမ ေက်ာင္းတုိက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္သံုးပါးႏွင့္ ေဒသခံ ျပည္သူ ၆၀ ဦးတုိ႔အား ေသြးတုိးေရာဂါ၊ အစာအိမ္ေရာဂါ၊ ဖ်ားနာေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ အရာေတာ္တပ္နယ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက အဆုိပါေက်ာင္းတုိက္ ပတ္၀န္းက်င္ သန္႔ရွင္းသာယာ လွပေရး အတြက္ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ အမႈိက္မ်ား ရွင္းလင္းျခင္းႏွင့္ စုေပါင္းသန္႔ရွင္းေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

အရာတော်မြို့နယ်၊ ညောင်ထူးလေးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   ဒီဇင်ဘာ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ညောင်ထူးလေးကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ သိဒ္ဒိအောင်ပညာ ဇောတာရာမ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်သုံးပါးနှင့် ဒေသခံ ပြည်သူ ၆၀ ဦးတို့အား သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ ဖျားနာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် အရာတော်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက အဆိုပါကျောင်းတိုက် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး အတွက် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News