ေပါက္ေခါင္းၿမိဳ့နယ္၊ ေထာင္ရေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေပါက္ေခါင္းၿမိဳ့နယ္၊ ေထာင္ရေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဒီဇင္ဘာ  ၈

ပဲခူးတုိင္းေဒသႀကီး၊ ေပါက္ေခါင္းၿမိဳ႕နယ္၊ ေညာင္ကုန္းေက်းရြာအုပ္စု၊ ေထာင္ရေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံ ျပည္သူမ်ားကို ဒီဇင္ဘာ ၇ ရက္ နံနက္ပုိင္း တြင္ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါ ေက်းရြာရွိ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္တစ္ပါးႏွင့္ ေဒသခံ ျပည္သူ ၁၅၃ ဦးတို႔အား ဖ်ားနာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ မ်က္စိေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပး ၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူ ေလးဦးကို ျပည္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ ေပးသည္။ ယင္းေနာက္ ေဆးကုသေရးအဖြဲ႕က ေသြးတုိးေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ ျပည္တပ္နယ္မွ နယ္ေျမခံတပ္မ ေတာ္သားမ်ားက ေဒသခံျပည္သူမ်ားကို တပ္မေတာ္သား မိသားစုမ်ား၏ တပ္ပုိင္ႏွင့္ တစ္ပုိင္တစ္ႏုိင္ စုိက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ အမဲသား ၅၀ ပိႆာ၊ ၾကက္ဥ ၁၅၀၀ လံုး၊ ဟင္းသီးဟင္းရြက္မ်ားႏွင့္ တပ္မေတာ္စက္႐ံုမ်ားမွ ထုတ္လုပ္သည့္ အ၀တ္အထည္ႏွင့္ အသံုးအေဆာင္ ပစၥည္းမ်ားကို ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို ျပည္တပ္နယ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေထာင္ရေက်းရြာေက်ာင္း ဆရာေတာ္ ဘဒၵႏၱေတစိႏၵအား သြားေရာက္ဖူးေျမာ္၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္း ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ပေါက်ခေါင်းမြို့နယ်၊ ထောင်ရကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဒီဇင်ဘာ  ၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ထောင်ရကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်း တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်တစ်ပါးနှင့် ဒေသခံ ပြည်သူ ၁၅၃ ဦးတို့အား ဖျားနာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ မျက်စိရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ လေးဦးကို ပြည်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။ ယင်းနောက် ဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ပြည်တပ်နယ်မှ နယ်မြေခံတပ်မ တော်သားများက ဒေသခံပြည်သူများကို တပ်မတော်သား မိသားစုများ၏ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် အမဲသား ၅၀ ပိဿာ၊ ကြက်ဥ ၁၅၀၀ လုံး၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ပြည်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ထောင်ရကျေးရွာကျောင်း ဆရာတော် ဘဒ္ဒန္တတေစိန္ဒအား သွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

Recent News