ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၌ ဥပၸါတသႏ္ၱိိသုတ္ ရြတ္ဆိုၿပိဳင္ပြဲ ဆုေပးပြဲျပဳလုပ္

 

ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၌ ဥပၸါတသႏ္ၱိိသုတ္ ရြတ္ဆိုၿပိဳင္ပြဲ ဆုေပးပြဲျပဳလုပ္

ေနျပည္ေတာ္   ဒီဇင္ဘာ   ၉

ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၏  ဥပၸါတသႏ္ၲိသုတ္ ရြတ္ဆိုၿပိဳင္ပြဲဆုေပးပြဲကို    ယေန႔နံနက္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ရွိ   ေဇယ်သုခဓမၼာ႐ံု၌ျပဳလုပ္ရာ ျမစ္ႀကီးနားၿမိဳ႕၊ ဓမၼရကိ္ၡတ၀န္းသိုေက်ာင္းတိုက္ ဆရာေတာ္ အဘိဓဇ အဂၢမဟာပ႑ိတ အဂၢမဟာဂႏၳ၀ါစက ဘဒၵႏၱေကတုမာလာ အမွဴးျပဳေသာ သံဃာေတာ္မ်ား ႂကြေရာက္ေတာ္မူၾကၿပီး တုိင္းမွဴး ဗိုလ္ခ်ဳပ္ေတဇေက်ာ္ႏွင့္ အဖဲြ႕၀င္မ်ား၊  ဒိုင္အဖဲြ႕၀င္မ်ား၊ ၿပိဳင္ပြဲ၀င္၀တ္ရြတ္ အသင္းမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ  တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ဓမၼရက္ၡိတ ၀န္းသိုေက်ာင္းတုိက္ ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူေဆာက္တည္၍    သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ား   ဆက္ကပ္ လွဴဒါန္းၾကသည္။

ထို႔ေနာက္  လွဴဒါန္းမႈ အစုစုအတြက္  ေရစက္သြန္းခ် အမွ်ေပးေ၀ကာ  သံဃာေတာ္မ်ားအား  ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းသည္။ယင္းေနာက္  ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ တာ၀န္ရွိသူမ်ားက ဆုရရွိေသာ ၀တ္အသင္း မ်ားအား   ဆုမ်ား အသီးသီး ေပးအပ္ၾကသည္။

အဆိုပါဥပၸါတသႏ္ၲိသုတ္ ရြတ္ဆိုၿပိဳင္ပြဲကို ၿပိဳင္ပြဲ၀င္ အသင္း ၁၇ သင္းျဖင့္ ဒီဇင္ဘာ ၂ ရက္မွ ယေန႔အထိ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ဥပ္ပါတသန်္တိသုတ် ရွတ်ဆိုပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

နေပြည်တော်   ဒီဇင်ဘာ   ၉

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏  ဥပ္ပါတသန်္တိသုတ် ရွတ်ဆိုပြိုင်ပွဲဆုပေးပွဲကို    ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ   ဇေယျသုခဓမ္မာရုံ၌ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော် အဘိဓဇ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များ၊  ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ဝတ်ရွတ် အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ  တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မရက်္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍    သံဃာတော်များအား လှူဖွယ်ပစ္စည်းများ   ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက်  လှူဒါန်းမှု အစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေကာ  သံဃာတော်များအား  နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။ယင်းနောက်  ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တာဝန်ရှိသူများက ဆုရရှိသော ဝတ်အသင်း များအား   ဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါဥပ္ပါတသန်္တိသုတ် ရွတ်ဆိုပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၁၇ သင်းဖြင့် ဒီဇင်ဘာ ၂ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Recent News