ဘူးသီးေတာင္ၿမိဳ႔နယ္၊ ျပင္ရွည္ေက်းရြာ အနီး၌ ရီမုမုိင္းသံုးလံုး သိမ္းဆည္းရမိ

 

ဘူးသီးေတာင္ၿမိဳ႔နယ္၊ ျပင္ရွည္ေက်းရြာ အနီး၌ ရီမုမုိင္းသံုးလံုး သိမ္းဆည္းရမိ

ေနျပည္ေတာ္   ဒီဇင္ဘာ   ၉

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း လံုၿခံဳေရး ေဆာင္ရြက္ေနေသာ တပ္ဖဲြ႕၀င္မ်ားသည္  ဒီဇင္ဘာ  ၈ ရက္ နံနက္ ၁၁ နာရီခြဲခန္႔တြင္ ျပင္ရွည္ေက်းရြာ၏ ေတာင္ဘက္  မီတာ ၃၀၀ ခန္႔အကြာ  ၀ါးခုတ္ေခ်ာင္း - ေတာင္ဘဇာ ကားလမ္းေနရာသို႔ အေရာက္၌ အလ်ား ၁၂ ဒသမ ၅ လက္မ၊ အနံ ၉ လက္မ၊ အျမင့္ ၄ လက္မရွိ ရီမုမုိင္းသံုးလံုးအား ေတြ႕ရွိသျဖင့္ ခရီးသြြား ျပည္သူမ်ားႏွင့္ ေဒသခံျပည္သူမ်ား အႏၱရာယ္ မျဖစ္ေစေရးအတြက္    မုိင္းရွင္းလင္းေရးအဖဲြ႕ျဖင့္    သက္မဲ့ျပဳလုပ္ သိမ္းဆည္းခဲ့သည္။

အဆိုပါမုိင္း ေတြ႕ရွိခဲ့သည့္   ေနရာတစ္၀ိုက္အား လံုၿခံဳေရး တပ္ဖဲြ႕၀င္မ်ားက နယ္ေျမလံုၿခံဳေရး လုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာ အနီး၌ ရီမုမိုင်းသုံးလုံး သိမ်းဆည်းရမိ

နေပြည်တော်   ဒီဇင်ဘာ   ၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်  ဒီဇင်ဘာ  ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ပြင်ရှည်ကျေးရွာ၏ တောင်ဘက်  မီတာ ၃၀၀ ခန့်အကွာ  ဝါးခုတ်ချောင်း - တောင်ဘဇာ ကားလမ်းနေရာသို့ အရောက်၌ အလျား ၁၂ ဒသမ ၅ လက်မ၊ အနံ ၉ လက်မ၊ အမြင့် ၄ လက်မရှိ ရီမုမိုင်းသုံးလုံးအား တွေ့ရှိသဖြင့် ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက်    မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့်    သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

အဆိုပါမိုင်း တွေ့ရှိခဲ့သည့်   နေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Recent News