

နေပြည်တော်   ဒီဇင်ဘာ   ၉



(Unicode Version)

ကလောမြို့နယ်၊ ညောင်ကုန်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   ဒီဇင်ဘာ   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ နယ်၊ ညောင်ကုန်းကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူ များကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ၁၃၃ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊   ကလေး ရောဂါ၊  အရိုး/အကြောရောဂါ၊  သားဖွား/မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊   အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။  

  

Recent News