ခႏၱီးၿမိဳ့၊ ဇီးျဖဴကုန္းရပ္ကြက္၌ က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

 

ခႏၱီးၿမိဳ့၊ ဇီးျဖဴကုန္းရပ္ကြက္၌ က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္   ဒီဇင္ဘာ   ၉

စစ္ကုိင္းတုိင္းေဒသႀကီး၊ ခႏၲီးၿမိဳ႕၊ ဇီးျဖဴ ကုန္းရပ္ကြက္ရွိ ေဒသခံျပည္သူမ်ားကို ယေန႔နံနက္ပုိင္းတြင္ အေနာက္ေျမာက္ တုိင္းစစ္ ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က  အဆုိပါေက်းရြာရွိ ေဇယ်သုခဘုန္းႀကီးေက်ာင္း၌  က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား  ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေဒသခံျပည္သူ ၁၈၁ ဦးကိုမ်က္စိေရာဂါ၊ ဆီးလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊  သြားႏွင့္ခံတြင္းေရာဂါ၊ အစာအိမ္ႏွင့္အူလမ္း ေၾကာင္းဆုိင္ရာေရာဂါ၊   အေရျပားေရာဂါ၊  အ႐ိုး/အေၾကာေရာဂါ၊ အသက္႐ွဴလမ္း ေၾကာင္းဆုိင္ရာေရာဂါ၊ အေထြေထြေရာဂါတုိ႔ ႏွင့္ပတ္သက္၍   လုိအပ္သည့္က်န္းမာေရး စစ္ေဆး ကုသေပးျခင္း၊ ECG  စက္ျဖင့္ ႏွလံုး စမ္းသပ္ေပးျခင္းမ်ား   ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္သူ သံုးဦး ကို ခႏၲီးၿမိဳ႕ရွိ  တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်   ဒီဇင်ဘာ   ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူ ကုန်းရပ်ကွက်ရှိ ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက် တိုင်းစစ် ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က  အဆိုပါကျေးရွာရှိ ဇေယျသုခဘုန်းကြီးကျောင်း၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၁၈၁ ဦးကိုမျက်စိရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ၊  သွားနှင့်ခံတွင်းရောဂါ၊ အစာအိမ်နှင့်အူလမ်း ကြောင်းဆိုင်ရာရောဂါ၊   အရေပြားရောဂါ၊  အရိုး/အကြောရောဂါ၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍   လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ECG  စက်ဖြင့် နှလုံး စမ်းသပ်ပေးခြင်းများ   ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ သုံးဦး ကို ခန္တီးမြို့ရှိ  တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။    

    

Recent News