
 


နေပြည်တော်   ဒီဇင်ဘာ   ၉



(Unicode Version)

တိုက်ကြီးမြို့နယ်၊ ဓမ္မိတ်ကျေးရွာရှိ မူလစာတော်ပြန်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်

နေပြည်တော်   ဒီဇင်ဘာ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အလယ်ဘုတ်ကျေးရွာအုပ်စု၊ ဓမ္မိတ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များ၊  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်  ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ မူလစာတော်ပြန်ကျောင်းတိုက်၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၁ဝ ပါး၊ ဆရာ၊ ဆရာမ ၁ဝ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၄ဝ  ဦးနှင့် ဒေသခံပြည်သူ ၇ဝ ဦးတို့ကို သွေးတိုးရောဂါ၊   အရိုး/အကြောရောဂါ၊  ဆီးနှင့် ကျောက်ကပ် ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင် ရွက် ပေးခဲ့ကြောင်း  သတင်းရရှိသည်။    

    

Recent News